Part27

3.6K 234 10
                                    

ဆေးရုံ ခုတင်ထက်တွင်
မောင်သည် Jimin၏ဒဏ်ရာတွေကို
ရေဆေးကာ ဆေးထည့်ပေးနေသည်။
ဆေးရုံကိုရောက်နေတာ
မနေ့ကနဲ့ဆိုနှစ်ရက်ရှိနေပြီ....။
ဆောဂန်းဂျွန်းတို့ကို မောင်ဘယ်လို
စီရင်လိုက်လဲမသိပေမယ့်
ဆောgroupကတော့ ပြန်ခေါင်းမထူနိုင်
လောက်အောင်ထိကို စီးပွားရေးတွေ
ထိုးကျသွားခဲ့ပြီး ဆောgroupရဲ့
အရင်ဉက္ကဋ္ဌကတော့ ထောင်နန်းစံနေရပြီး
လက်ရှိCEOကတော့ ပျောက်နေကြောင်း
သတင်းတွေမှာ လက်ရှိရေပန်းစားဆုံး
သတင်းတွေဖြစ်နေသည်.....။

မောင်က သူ့ကိုရေပတ်ရော
တိုက်ပေးပြီး ရေဇလုံကို
ရေချိုးခန်းထဲကို သယ်သွားသည်။
Jeonမိသားစုပိုင်ဆေးရုံတွေထဲက
တစ်ခုဖြစ်တာကြောင့် ဆေးရုံဟုပင်
မခံစားရ.....။ဧည့်ခန်းကစပါရှိပြီးရေချိုးခန်းကစ အိမ်မှာလိုခံစားရစေသည်...။

မောင်ရေချိုးခန်းထဲကထွက်မလာခင်မှာပင်မောင့်ရဲ့ဝမ်းကွဲအစ်ကိုဖြစ်သူ
ဒေါက်တာJung Hoseokသည်
သူ့ကိုလာကြည့်ရန်ရောက်လာသည်။

ကြည်လင်နေသောမျက်နှာ
ချိုသာသောအပြုံးတွေက
လွန်ခဲ့သောငါးနှစ်ကအတိုင်း
နွေးထွေးကာ နူးညံ့နေတုန်းပင်....။

"ယောက်ဖလေး နေရထိုင်ရတာ
အဆင်ပြေရဲ့လား....."

"ပြေပါတယ် hyung"

"ခေါင်းကရောကိုက်သေးလား
တစ်ခုခုဆိုပြောနော်
hyungကိုအားမနာနဲ့တော်ကြာ
Jungkookကအစ်ကို့ကို သေချာကုမပေးဘူးဆိုပြီးပြဿနာရှာနေလိမ့်မယ်......။"

"ကျွန်တော်တကယ် နေကောင်းနေပါပြီ"

"ဟုတ်ပါပြီဗျာ မနက်ဖြန်ဆို
ဆေးရုံကဆငျးလို့ရပွီနောျ...."

"ဟုတ်ကဲ့..."

တကယ့်ကို ဆရာဝန်တစ်ယောက်ရဲ့
လက္ခဏာရပ်တွေနဲ့ပြည့်စုံလွန်းလှသည်။
ရောဂါတှဘောတှခေဏထား
ဒေါက်လေးမျက်နှာကြည့်ရတာနဲ့တင်
ရောဂါတစ်ဝက်သက်သာ​ေစသည်။
သူတို့နှစ်ယောက်စကားပြောနေချိန်
မောင်ကရေချိုးခန်းကနေထွက်လာသည်။

"ကျွန်တော့်အတင်းတုပ်နေတာ
ကျွန်တော်အကုန်ကြားတယ်နော်"

"မပြောပါဘူးကွာ မင်းဘာသာ
အိုးမလံအုံပွင့်မနေနဲ့ နော်
ယောက်ဖလေး...."

LoVe StoRyWhere stories live. Discover now