ဆောင်းဉီးလေတွေက ဆိုင်ပြင်မှာ
တဟူးဟူးတိုက်ခတ်နေကြသည်။
ဆိုင်တွင်းမှာ heaterဖွင့်ထားတာကြောင့်
နွေးဓာတ်ကအနေတော်လောက်ဘဲ....။
ကော်ဖီဖီပူပူလေးတစ်ခွက်နဲ့ အတွေးနယ်ချဲ့လို့ကောင်းမယ့်နေရာလေးပေါ့....။
သူမလည်းတွေးနေရပါသည်။
အေးချမ်းတဲ့အတွေးတော့မဟုတ်...။
ပူပူလောင်လောင်အတွေးတွေ အဖေ့ရဲ့
ဉီးနှောက်မရှိတဲ့လုပ်ရပ်နဲ့ ရူးမိုက်တဲ့
အတွေးအခေါ်တွေကြောင့် တစ်မိသားစုလုံး
ပူနေရသည်။သူမကအပူရဆုံး။အမကြီးအမိရာမို့် အမေကလည်းသူမကိုသာ
အားကိုးယုံကြည်သည်မို့် အိမ်ရဲ့ပြဿနာက
သူမခေါင်းပေါ်မှာ။စဉ်းစားလေ
နာကျည်းရလေဘဲ။ပြဿနာရှာထားတဲ့သူက
မပူ။နောင်တရပုံလည်းမပေါ်။ငါ့ရှာတဲ့ပြဿနာနင်တို့ရှင်းဆိုတဲ့အချိုးမျိုး။
အဖေမို့လို့အဖေဖြစ်နေလို့ ဒေါသတွေကိုမနဲမျိုချထားရတယ်။မွေးလာတည်းကခုထိ အဖေ့ရဲ့ကောင်းကွက်တစ်ကွက်ကလေးတောင်မှ မတွေ့ဖူးဘူး။အမေဘာလို့ဒီလိုလူကိုရွေးချယ်ခဲ့တာလည်းဆိုပြီး မေးဖူးသည်။အချစ်ကြောင့်တဲ့လေ။မှားယွင်းခဲ့တဲ့ အချစ်ကြောင့် ခုလိုသူမတို့ဒုက္ခခံစားနေရတာ။တစ်တည်းကြိတ်လောင်မြှိုက်နေရတာဟာ
စိတ်ပျက်ဖို့်ပင်ကောင်းလှသည်။မိသားစုအတွက်ဘဲတွေးနေခဲ့၍ သူမအတွက်သူမတောင်စဉ်းစားဖို့အချိန်မရှိခဲ့။
ရွယ်တူတွေ အိမ်ထောင်တွေကျ
ကလေးတွေရနေချိန်မှာ သူမဟာခုထိ
အိမ်အတွက်ဘဲတွေးနေတုန်း။ကော်ဖီဆိုင်ထဲတွင် လှမ်းမြင်နေရသော
ညိုးနွမ်းနွမ်းပုံရိပ်လေးကို Jiminသည်
Jungkookကျောပေါ်မှလှမ်းကြည့်ကာ
စိတ်မကောင်း။အိမ်မှာမကောင်းတဲ့ကိစ္စတစ်ခုခုဖြစ်နေပြီဆိုတာသူရိပ်မိနေပါသည်။
မမကြီးက တော်ရုံလောက်နဲ့တော့စိတ်ပျက်
စိတ်ညစ်တတ်တဲ့သူမဟုတ်။စိတ်ဓာတ်ကသူ့ထက်ပိုပြီး သန်မာတဲ့သူ။မမကြီးက အတွေးများနေပုံပင်သူတို့ကိုမမြင်ပေ။ေကာ်ဖီဆိုင်တံခါးလေးကိုဆွဲဖွင့်ကာ
ဆိုင်ထဲထိကို ကျောပိုးလာသူကြောင့်
သူမနေတတ်တော့ပေ။လူနည်းနေပေမယ့်
မမကြီးရှေ့မှာလေ။မမကြီးက ကျောပိုးလျက်ဝင်လာသောသူတို့ကိုမြင်သောအခါ
အံ့သြကာကြောင်ကြည့်နေသည်။စားပွဲနားရောက်တဲ့ထိကို သူ့ကိုကျောပိုးထားသူအား
အောက်ချပေးရန် ကျောကိုပုတ်လိုက်သည်။
ထိုအခါမှ ထိုင်ခုံပေါ်ချပေးကာ သူကလည်း
ဘေးကခုံကိုဆွဲယူ၍ထိုင်သည်။ဘာလဲသူက
မပြန်တော့တာလား...။