Part23

3.5K 258 5
                                    

"မာမီ..."

"သားတို့လာကြ....
မာမီက သားတို့စားဖို့အတွက်ပြင်ဆင်နေတာ.."

ကြီးမားခမ်းနားလွန်းသည့် အပြင်ဆင်ကြားမှာမရောက်ဖူးသည့်
ထယ်နှင့်Min Yoongiရော
Jiminပါ ပါးစပ်အဟောင်းသားဖြစ်နေကြရသည်။Jin hyungတို့စုံတွဲ မှာတော့
ရောက်ဖူးနေတာ ခဏခဏမို့
အများကြီး ထူးဆန်းမနေ....။

မာမီသည် မီးဖိုခန်းဘက်မှ
လက်ဖက်ရည်ခွက်တွေသယ်လာသော
အစေခံမိန်းကလေးနှင့်အတူထွက်လာသည်။
မာမီက တစ်ယောက်ချင်းစီကို
လက်ဖက်ရည်တစ်ခွက်စီလိုက်ပေးသည်။
Jiminအလှည့်တွင်တော့ Jiminရဲ့လက်ကလေးတွေကိုအုပ်ကိုင်ကာ ချိုသာသော
အပြုံးဖြင့်ပြုံးပြသည်....။
Jiminဘေးမှ Jungkookကိုတွန်းဖယ်ပြီး
မာမီကJiminဘေးဝင်ထိုင်သည်။

"Jimineက ချစ်စရာကောင်းလိုက်တာ
မာမီသားက သဲသဲလှုပ်နေတာလည်း
မဆန်းပါဘူး မင်ဂ္လါပွဲတုန်းကလည်း
အလုပ်တွေရှုပ်နေတာနဲ့
သေချာတောင် စကားမပြောလိုက်ရဖူး
မာမီနဲ့အတူတူ စကားပြောကြမလား
အိမ်မှာအတူတူနေရမှာ ဆိုတော့
မာမီတော့အဖော်ရတာဘဲ
Jungkookက ပြောစကားနားမထောင်ရင်
မာမီကိုပြောနော် အဲ့ကလေးကို
သေချာဆုံးမပေးမယ်....။"

မာမီသည်စထိုင်တည်းက စကားတွေ
တရပ်စပ်ပြောနေပြီး Jiminလက်ကိုလည်းမလွှတ်တမ်းကိုင်ထားသေးသည်။
Jungkookကမာမီကိုအခုအချိန်မှာ
ကျွန်တော်ကသား
အရင်းနော်လို့ပြောရင်
သေချာပေါက် ခေါင်းခေါက်ခံရလိမ့်မည်။

Jiminကလည်း မာမီပြောသမျှကို
ပြုံးပြီးနားထောင်နေသည်....။
အရင်က မာမီJeonကို
မာနကြီးပြီး အဆင့်အတန်းခွဲခြားလိမ့်မည်
လို့ထင်ခဲ့ပေမယ့် လက်တွေ့မှာတော့
ထိုကဲ့သို့မဟုတ်သောအခါ
Jiminပျော်သွားရသည်။အမေဆိုတာ
မျိုးက ဒီလိုနွေးထွေးပါလားလို့
တွေးမိသွားရသည်။Jiminမေမေကတော့
ဆူပြော လစာတောင်းရုံကလွဲ
ဒီလိုနွေးထွေးတဲ့စကားတွေ
တစ်ခါမှမပြောဖူးခဲ့......။

"မာမီ အဲ့တာသားယောကျာ်းနော်"

"ငါသိတယ်လေ.....
သိလို့ ငါ့သမက်ကလေးကို
ချစ်နေရတာပေါ့...."

Jungkookကိုပြန်စောင်းကြည့်ပြီး
မာမီကမျက်စောင်းထိုးသည်။
အမလေး ဒီသားကိုမေ့ပြီး
သားမက်ကလေးနဲ့ သာယာနေပြီပေါ့။
Jiminကိုမာမီက ချစ်ခဲ့တဲ့အပေါ်
Jungkookကပိုတောင်ပျော်ခဲ့သေးသည်။
မောင့်ကိုချစ်တာထက် မောင်က
မောင့်ပူတင်းလုံးလေးကိုပိုချစ်စေချင်သည်။

LoVe StoRyWhere stories live. Discover now