Part3

3.6K 349 12
                                    

စာသင်ခန်း၏နောက်ဆုံး ထောင့်ကျသောခုံတွင် အသည်းကွဲသည်ဟု ခေါင်းစဉ်တပ်ရခက်သောခံစားချက်ကြောင့်Jiminက
ငြိမ်ငြိမ်ကလေးထိုင်နေသည်။
စာဖတ်တော့လည်းစိတ်တွေမပါနေ။ဘာလုပ်လုပ် အကြောင်းပြချက်မရှိ မကျေမနပ်တွေဖြစ်နေသည်။

ဖုန်းကိုဆွဲထုတ်လိုက်ကာ
သူ့ခံစားချက်နှင့်ကိုက်ညီမည့်သီချင်းကို
ရှာနေသည်။တော်တော်ကြာသည်ထိစိတ်
ကြိုက်မတွေ့။ဖုန်းပိတ်တော့မည့်ဆဲဆဲတွင်
Taylor Swiftရဲ့ You belong with me
ကိုတွေ့သွားသည်။နားကြပ်တပ်ကာ
သီချင်းကို on လိုက်သည်။
ဆရာမလာမချင်းကို ထပ်ကာထပ်ကာ
နားထောင်နေခဲ့မိသည်။
အခန်းသည်ရုတ်တရက်ကြီးငြိမ်ကျသွား
သောကြောင့် ဆရာလာပြီဟုထင်ကာ
ဲနားကြပ်ကိုဆွဲဖြုတ်လိုက်သည်။သို့သော်Jiminထင်သလို
ဆရာဝင်လာတာမဟုတ်ခဲ့ပါ။

ကော်ပတ်ရုပ်လိုကောင်လေးတစ်ယောက်
အခန်းထဲဝင်လာ၍ဖြစ်သည်။
ကြည်လင်နေသော မျက်လုံးတွေသည်
ပျော်ရွှင်မှုအရိပ်အရောင်တွေ ဖြတ်ပြေးနေသည်။မြင့်မားသောနှာတံတွေနှင့်
ပြုံးယဲ့ယဲ့ နှုတ်ခမ်းပါးတွေသည်
ငေးခနဲတွေခနဲဖြစ်သွားစေသည်အထိ။
ဘယ်လိုမိဘတွေကများ ဘာတွေစားပြီး
မေွးခဲ့သလဲမသိ။သေချာပုံဖော်ထုစစ်ထားသလို အချိုးအစားကျလှသည်။
ဉီးထုပ်ကိုနောက်ပြန်စောင်းလျက်
Hoodieအကျီ အနီရောင်ကိုနွေးထွေးစွာ
ဝတ်ထားသော်လည်း
ဒူးထိလောက်သာရှိသော short pant
ဘောင်းဘီလေးနှင့် ထိုကောင်လေးသည်
ဆိုးလ်မြို့ရဲ့ ဆောင်းဉီးကို
ပြောင်ပြနေသယောင်။ထိုကောင်လေးက
Jiminထိုင်နေရာ နောက်ဆုံးခုံထိလျှောက်
လာပြီး ရပ်ပစ်လိုက်ကာ
Jiminဘေးဝင်ထိုင်သည်။

ကျောင်းသားတွေရော ကျောင်းသူတွေရော
ဆေးမိသလို​ေတ​ွငေးမောနေရာမှ
ပြန်အသက်ဝင်လာကာ သူတို့လုပ်လက်စ
အလုပ်တွေကိုပြန်လုပ်ကြသည်။
ထိုအခါမှ စာသင်ခန်းသည်
အရင်လိုသက်ဝင်လှုပ်ရှားလာသည်။
ထိုကောင်လေးက Jiminကိုလှည့်ကြည့်ကာ
ပြုံးပြလာသည်။လေးထောင့်ဆန်ဆန်
အပြုံးတွေ၊နှာခေါင်းထိပ်ကမှဲ့ကလေးက
မနက်ခင်းနေရောင်ခြည်နုနု​ေအာက်တွင်
အရောင်လဲ့နေသလို။

"Hi"

ထိုကောင်းလေးက သူ့ရဲ့လက်သွယ်သွယ်လေးတွေကို ထုတ်ကာ ​ဝှေ့ယမ်းရင်း
နုတ်ဆက်သည်။
Jiminပြုံးကာခေါင်းငြိမ့်ပြလိုက်သည်။

LoVe StoRyWhere stories live. Discover now