Part11

3.3K 321 15
                                    

ပြိုင်ကား အဝါရောင်လေးသည်
ဆိုးလ်မြို့နှင့် ဂျယ်ဂျူဒို အဝေးပြေး
လမ်းမပေါ်တွင် အရှိန်နှုန်းမြန်မြန်ဖြင့်
ပြေးလွှားနေသည်။ကားမောင်းသူ
လူငယ်လေးသည်လည်း မြူးမြူးကြွကြွ
သီချင်းတွေကိုဖွင့်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို
လှုပ်ရမ်းနေသည်။လတ်ဆတ်သော
လေက ကားအမိုးဖွင့်ထားတာကြောင့်
လွတ်လပ်စွာတိုးဝင်နေကာ ဆံသားတွေ
ဖွာလန်ကြဲနေတော့သည်။
လွတ်လပ်မှုကို အပြည့်အဝခံစားနေရသော်
လည်း ဆောင်းဉီးမို့တိုက်ခတ်လာသောလေတွေက အလွန်ကိုအေးစက်နေသည်။
ဒါကြောင့် Jungkookဖွင့်ထားသော
အမိုးကိုပြန်ပိတ်လိုက်ရသည်။
ကားကို အရှိန်နှုန်းမြှင့်လိုက်သောကြောင့်
အဝေးပြေးလမ်းမပေါ်ရှိ ကားလေးသည်
လေလိုအလျင်နှင့် ခရီးနှင်နေတော့သည်။

ဂျယ်ဂျူမြို့အဝင်ကိုရောက်သောအခါ
သူ့ကားရှေ့ကိုပိတ်ဝင်လာသော
အနက်ရောင် ပြိုင်ကားတစ်စီး.....။
ကျယ်လောင်သော ဘရိတ်လိုက်သံက
ပတ်ဝန်းကျင်တစ်ခုလုံးကို ကြီးစိုးသွားရသည်။

ကျွီ......!!!!

Jungkookကားစီယာတိုင်ကို ကွေ့ချကာ
ဘရိတ်အုပ်လိုက်ရသည်။ကျွမ်းကျင်နေသူမို့သာ ဘာမှဖြစ်မသွားတာ။သူ့နေရာမှာ
တခြားကားသာဆို နှစ်စီးလုံးတစ်စစီဘဲ...။
အပီအပြင်ဖြဲဖို့ ကားပေါ်ကနေ
ဆင်းလာလိုက်ပြီး တဖက်လူကိုအော်ဆဲတော့သည်။
Jeon Jungkookကို ဒါမျိုးလာလုပ်လို့မရဘူး။

တဖက်ကားပေါ်မှ ဆင်းလာသူသည်
ကျောင်းတော်မှရန်သူတော်ဟောင်းကြီး
ဆောဂန်းဂျွန်း ဖြစ်နေသည်မို့
သူတစ်ချက်တော့ အံ့သြသွားရသည်။
သူပြန်လာတာကို ဘယ်သူမှသိမထားဘူးလို့ထင်ထားတာ ဘယ်လိုသတင်းရသွားလဲ
တောင်မသိလိုက်.....။

"အား......
မင်းပြန်လာမယ်ဆိုလို့ လာစောင့်နေတာ
ငါတစ်ရေးတောင်ရလိုက်တယ်.....။"

ပျင်းကြောဆန့်ရင်း Jungkookကို
ပြောလာပုံက အပိုးမကျိုး.....။
သူကလည်း အပိုးချိုးပေးချင်နေတာနဲ့
အတော်ဘဲဖြစ်သွားရသည်။စီနီယာရှေ့မှာ
လိမ္မာပြနေရတာ ဘယ်လောက်တောင်
ခက်ခဲလိုက်တယ်မှတ်လဲ.....။

"အင်း...အခုထာဝရအိပ်စက်သွားရဖို့
ငါပြန်ပြီးသိပ်ပေးရတော့မှာပေါ့...."

LoVe StoRyWhere stories live. Discover now