Part7

3.3K 334 17
                                    

ညနေရောက်တော့ မမကြီးက
ကျောင်းပေါက်ထိလာကြိုသည်။
တစ်လမ်းလုံးလည်း မမကြီးကသာ
ဉီးဆောင်ပြီး စကားတွေပြောနေခဲ့ပြီး
သူကတော့ ဟုတ်နဲ့ဟုတ်ကဲ့သာ
လက်ကိုင်သုံးလာခဲ့သည်။
တဖြည်းတဖြည်းအိမ်နှင့်နီးကပ်လာသည်နှင့်အမျှ သူစိတ်တွေလေအလုံလောက်မရသလို
မွန်းကြပ်လာသည်။တင်းကြပ်ကြပ်ခံစားချက်ကြီးက ရင်တစ်ခုလုံးကိုဆွဲစုပ်ထားသလိုမျိုး။
မမကြီးပြောတဲ့စကားတွေကိုလည်း
ကြားတစ်ချက်မကြားတစ်ချက်နှင့်....။
စိတ်နဲ့လူနဲ့မကပ်သလို နဲနဲလေးမှမလှုပ်တော့။

အကြောက်လွန်သွားခဲ့ခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေပေါ့။ခြံစည်းရိုးဖြူဖြူလေးကို
မြင်တော့ ထိုခြံစည်းရိုးမှာ စွဲထင်ခဲ့ဖူးတဲ့
သွေးတစ်ချို့ကို သူမြင်လာသည်။
အများအမြင်မှာအေးချမ်းသယောင်ထင်ရတဲ့
အဖြူရောင်အိမ်ကလေးက အမြဲလိုလိုဆူညံသံတွေနှင့် ဖုံးလွှမ်းခဲ့ဖူးသည်။မဟုတ်ဘူး
ခုထိလည်းအဲ့လိုဘဲ.......။

သူလူမှန်းသိတတ်စ အရွယ်တည်းက
အဖေနဲ့အမေသည် တကျက်ကျက်နှင့်။
မိဘတွေပေးစားလို့ယူခဲ့ကြတာလည်း
မဟုတ်။ကိုယ့်စိတ်ကြိုက်ကိုယ်
ရွေးချယ်ခဲ့ကြပြီး ဆယ်ကျော်သက်အရွယ်မို့
ဆုံးဖြတ်ချက်တွေမှားခဲ့ကြဟန်တူပါသည်။အတူနေတဲ့အချိန်တွေကြာလာတာနှင့်အမျှ တစ်ယောက်ကိုတစ်ယောက်နားလည် မပေးနိုင်ကြတော့။အဖေက ရုံးဝန်ထမ်းတစ်ဉီး​။အမေကမှီခိုတစ်ယောက်သာ။
အဖေက သူ့ကိုမွေးပြီး
နောက်ပိုင်းများတွင် နေ့တိုင်းလိုလို
အရက်သေစာ သောက်စားလာခဲ့သည်။
လစာလည်း အရင်လိုမအပ်တော့။
သူ့လစာက သူ့အရက်သေစာဖိုးနဲ့သာ
ကုန်သွားတတ်သည်။အဲ့လိုအခါမျိုးတွေဆို
အိမ်မှာ တစ်ကယ့်ကိုပွဲ......။
လစာမအပ်တော့သော အဖေကြောင့်
အမေက နေ့တိုင်းလိုလိုရန်လုပ်သည်။
အမေဟာ ငယ်ငယ်လေးနဲ့အိမ်ထောင်ကျခဲ့သူမို့ ဘာမှလည်း မယ်မယ်ရရမလုပ်တတ်ပေ။
ကလေးနှစ်ယောက်နှင့်အမေသည်
ထိုနှစ်ပိုင်းတွေတုန်းက တကယ့်ကိုငရဲ။
အမေက ညတိုင်းငိုသည်။၂နှစ်သားအရွယ်
သူ့ကိုဖက်ကာ တစ်ခါတလေတစ်ညလုံး...။

အမေသည် သူ့ဘက်ကရခဲ့သောအမွေတွေကို
ထုခွဲရောင်းချကာ လမ်းထိပ်တွင် ခေါက်ဆွဲဆိုင်လေးတစ်ဆိုင်ဖွင်ခဲ့သည်။အဆင်ပြေ
သော်လည်း အမေကအဖေ့ကိုရန်ရှာနေဆဲပင်။သူ့ရဲ့ငယ်ဘဝသည် မိသားစုအမှတ်တရ
ရယ်လို့ဘာမရှိ....။
အဖေနဲ့အမေနဲ့ ရန်ဖြစ်ရင်သူပြေးပုန်းတတ်သည်။တစ်ခုသောရန်ပွဲသည်
အိမ်ပြင်မှာဖြစ်တဲ့ရန်ပွဲ။ခါတိုင်းလိုသူအိမ်ထဲကို ပြေးဝင်ပုန်းခဲ့သည်။မမကြီးကတော့
ထုံးစံအတိုင်း ရန်ပွဲကြားကန့်လန့်ကန့်လန့်။
အမေရဲ့ နာနာကျင်ကျင်အော်သံကြောင့်
သူပြေးထွက်မိတော့ အိမ်ရှေ့ခြံစည်းရိုးဖြူဖြူလေးမှာသွေးတွေပေနေခဲ့ပြီး မမကြီး
လက်ပေါ်မှ အမေ့ရဲ့ဉီးခေါင်းမှာလည်းသွေးတွေ....။သူဟာအမေတို့ဆီကိုလည်းပြေးမသွားခဲ့။သူ့ကိုတိုက်ကာ ဒေါသတကြီးဝင်သွားသောအဖေနဲ့ အမေရဲ့ဉီးခေါင်းကသွေးများကိုသာကြောက်လန့်တကြားကြည့်နေခဲ့သည်။

LoVe StoRyWhere stories live. Discover now