"သမက်လေး ချည်တွေကုန်နေပြီ
မာမီတို့ဒီနေ့တော့ ချည်ထိုးသင်လို့ရမှာ
မဟုတ်သေးဘူး......။""ကျွန်တော်သွားဝယ်ပေးမယ်လေ
မာမီ...... ""သမက်လေးက ဝယ်တတ်လို့လား....."
"မာမီကပြောပြလိုက်လေ ကျွန်တော်သေချာဝယ်လိုက်မယ်...."
" ဒါဆို မာမီပြောပြလိုက်တာတွေကို
သေချာဝယ်ခဲ့နော်""ဟုတ်ကဲ့...."
မနက်ခင်း မောင်အလုပ်သွားပြီမို့
သူနှင့်မာမီမနေ့က သင်ထားတဲ့
ချည်ထိုးနည်းကို ဆက်သင်ရန်
မီးလင်းဖိုဘေးတွင် ထိုင်နေခြင်းဖြစ်သည်။
ဒီနေ့တော့ ခဏသာသင်ရသေးသည်
ချည်ကမရှိတော့တာကြောင့်
Jimin သွားဝယ်ရန်ဆုံးဖြတ်လိုက်သည်။အနွေးထည်ထူထူဝတ်ကာ
မာမီမှာလိုက်သည်များကို သေချာ
မှတ်သားရင်း ဒရိုက်ဘာဉီးလေးကြီးနှင့်အတူ
ကုန်တိုက်ကို ထွက်ခဲ့သည်။
Jeonအိမ်တော်ကနေ ထွက်လာသည်နှင့်
လမ်းကြားတွင်စောင့်နေသော
အနက်ရောင်ကားတစ်စီးသည်လည်း
နောက်မှလိုက်ပါလာသည်......။Jiminတို့ကားမြေအောက်ပါကင်တွင်း
ကားရပ်လိုက်ပြီး ထွက်သွားသည်နှင့်
ထိုအနက်ရောင်ကားပေါ်မှလူသည်လည်း
နောက်ကနေထပ်ကြပ်မကွာလိုက်တော့သည်။Jiminသည် ချည်လုံးတွေထားရှိရာ
ဘက်ကိုလျှောက်သွားလိုက်သည်။
နောက်ကနေတစ်ယောက်ယောက်လိုက်လာသလိုခံစားရသည်ကြောင့်
လှည့်ကြည့်လိုက်သည့်အခါ ဉီးလေးကြီးက
သူ့ကိုဘာဖြစ်လို့လဲဆိုသည့်အကြည့်တွေနှင့်ကြည့်လာသည်။ဉီးလေးကြီးကိုကျော်ကာ
ကြည့်လိုက်တော့လည်း အားလုံးက
ပုံမှန်ပင်သူတို့ဝယ်စရာရှိသည်တို့ကို
ဝယ်နေကြသည်......။Jiminစိတ်ထင်နေတာနေမှာပါလို့်
တွေးလိုက်ပြီး ရှေ့ကိုသာဆက်လျှောက်လိုက်သည်။Jiminရှေ့လှည့်လိုက်သည်နှင့်
ထိုအနက်ရောင်ဉီးထုပ်နှင့်လူသည်
ပစ္စည်းတွေကို ဟိုထိသည်ထိလုပ်နေမှ
Jiminသွားရာနောက်ကို ခပ်ခွာခွာဆက်လိုက်သွားသည်......။ကြားရက်ဖြစ်တာကြောင့် ကုန်တိုက်သည်
လူသိပ်မရှိပေ......။Jiminသည်
မာမီမှာလိုက်သည်များကို
တစ်ခုမကျန်သေချာလိုက်ဝယ်နေသည်။
ဉီးလေးကြီးသည် နောက်မှခြင်းတောင်းဆွဲကာ Jimin နောက်ကိုလိုက်နေရသည်။
