Part5

3.6K 331 7
                                    

"နင်ဒါ ဘာလုပ်လိုက်တာလဲ....? "

မီဟိုသည် သူ့မျက်နှာတစ်ဝက်လောက်ထိ
ဖုံးနေသော နေကာမျက်မှန်အမည်းကြီးကို
ခေါင်းပေါ်ပင့်တင်လိုက်သည်။
စလင်းဘတ်အိတ်နီနီရဲရဲကိုလည်း
စားပွဲပေါ်ပစ်တင်ကာ ချွဲဆိုဂျင်းကို
သေးနုပ်သော အမှုံအမွှားလေးလို
ကြည့်လာသည်။

"ပုတ်ထုတ်ပစ်လိုက်တာလေ..."

အသံသည်ရေးမပါသည့် ကိစ္စတစ်ခုလို။
Jungkookသည် ဝင်ဆွဲရန်အစီအစဉ်
မရှိ။ပွဲကြီးပွဲကောင်းမို့ ထိုင်ရာကမ
ထကြည့်နေသည်။Jiminကတော့
အသက်သာရူနေပြီး တိတိလေးမှ
မလှုပ်တော့။
Seokjinနှင့် Min Yoongiသည်
တစ်ခါမှမကြုံဖူးသောအခြေအနေမို့
ကြောင်အမ်းကြည့်နေကြသည်။
ထယ်သည်လည်း လက်ခုပ်ထမတီးရုံ
တမယ် အပြုံးပါးပါးလေးတစ်ခုဖြင့်
ကြည့်နေသည်။
ကန်တင်းမ်သည် တိတ်ဆိတ်ငြိမ်သက်လျှက်။

"နင်က ဘာမို့လို့....
ငါ့ကို ဒီလိုလာလုပ်နေတာလဲ။"

"ငါကဘာလဲဆိုတော့.....
နင်အခုငမ်းငမ်းတက်နေတဲ့ Jeon Jungkook
ဆိုတဲ့ အကောင်ရဲ့ရည်းစားဘဲ.....။"

"ဟက်....သူကနင့်ကို
ရည်းစားလို့ရော သတ်မှတ်ဖူးလို့လား.."

မီဟိုသည် သူအထိအနာရဆုံးကိစ္စကို
ပြောလာသော ထိုမိန်းမမျက်နှာအား
ကုတ်ဖြဲပစ်ချင်စိတ်တွေကတဖွားဖွား..။
Jeon Jungkookဆိုတဲ့အကောင်ကို
လှမ်းကြည့်လိုက်တော့လည်း
ရိုက်သတ်ပစ်ချင်စရာ မျက်နှာပေးနဲ့...။
သူ့မွေးနေ့ပါတီကိုမလာလို့ ဒင်းကို
​ဆွဲဖြဲပစ်ဖို့လာတာကို။ဒင်းကအရင်
ပြဿနာကြိုရှာပေးထားသည်။
ဒေါသတွေသည် နှစ်ဆ.....။

အရင်ဆုံးလုပ်ပစ်လိုက်တာက
ကမ္ဘာ့ရွံ့စရာအကောင်းဆုံး စနိုက်ကြော်မ
မျက်နှာကို အားပါပါရိုက်ချပစ်လိုက်သည်။
အားရပါးရရိုက်ချလိုက်တာမို့
အဲ့မိန်းမ ကြမ်းပြင်ပေါ်မှာခွေခနဲဘဲ.....။

Jungkookတို့ဝိုင်းသည် မီဟိုဒီလောက်ထိ
လုပ်ပစ်လိမ့်မယ်လို့ မထင်ထား။
မိန်းကလေးတွေမို့ ပါးစပ်နဲ့သာရန်ဖြစ်မည်
ထင်ထားသော်လည်း လက်တွေပါ ပါလာ
တာမို့လန့်ဖျန့်ကာထရပ်မိသည်။
ထယ်ကတော့ လက်ခုပ်တီး
မိတော့မည့် သူ့လက်တွေကို အရှိန်
ပြန်ထိမ်းကာ အသည်းပုံအပြုံးများကို
ဖောဖောသီသီပင် ထုတ်ပြနေသည်။

LoVe StoRyWhere stories live. Discover now