Part29

3.2K 197 5
                                    

"ပါးပါး.....ပါးပါးလို့်
ထတော့ ဟင့် ပါးပါး..."

မျက်နှာကိုတဖတ်ဖတ်လာရိုက်နေသော
လက်လေးတွေကြောင့် Jiminအိပ်မောကျနေရာမှနိုးလာသည်။မောင်သာဆိုရင်
မသိချင်ယောင်ဆောင်ပြီး ဆက်အိပ်နေလို့ရပေမယ့် သားကတော့မရပါ မထမချင်းနှိုးတတ်သည်မို့ Jimin မျက်လုံးတွေကို
အားယူဖွင့်လိုက်ရသည်။

ဖွင့်ဖွင့်ချင်းမြင်လိုက်ရသည်က
သားရဲ့နီရဲဖွေးနုနေသော
လက်ဖောင်းဖောင်းလေး တစ်ဖက်။
အသားယားလို့ ထိုလက်လေးကို
ဆွဲယူကာ ကိုက်ပစ်လိုက်တော့
သားကအသံထွက်သည်အထိရယ်သည်။

"ဘာလို့အစောကြီးနိုးနေတာလဲ
ဒန်လေးက စောသေးတယ်ပြန်အိပ်ဉီး"

"သားမအိပ်တာမဟုတ်ဘူး
မျက်စိတွေက သူ့ဘာသာပွင့်လာတာ"

Jimin မျက်လုံးလေးတွေမှိတ်သည်ထိ
ပြုံးလိုက်မိသည်။သားကိုကျော်ကာ
ဟိုဖက်ကမောင့်ကိုကြည့်လိုက်တော့
ပါးစပ်ကိုဟကာ အိပ်မက်ကမ္ဘာကိုရောက်နေပုံပင်။သားကငယ်ငယ်တည်းက အအိပ်အနေ
နည်းသူမို့ အစောကြီးနိုးတတ်သည်။
အခုသုံးနှစ်သားဆိုပေမယ့် သူတို့ထက်ပင်
အစောကြီးနိူးနေသေးသည်။
မောင်ကတော့ သားနဲ့သူ့ကိုသိမ်းကျုံး
ဖက်ကာ ခုထိလည်းမလွှတ်ပေးပေမယ့်
သားကအလည်ကမို့ မောင့်လက်တွေက
သားပေါ်ကနေကျော်သွားပြီး
သူ့ခါးကိုတင်းတင်းကျပ်ကျပ်ဖက်ထားသည်။

"ဒယ်ဒီကိုလည်း နှိုးလေ"

Jiminပြောလိုက်တော့သားက
မောင့်ဘက်ကို မျက်လူံးဝိုင်းတွေဖြင့်ကြည့်လာသည်။

"ဒယ်ဒီ ဒယ်ဒီထတော့လေ
ဒယ်ဒီထ....."

သားကမောင့်ရဲ့ လက်မောင်းပေါ်ကတက်တူးတွေကို သွားနဲ့ခပ်ကြိတ်ကြိတ်
ဖိကိုက်တော့ ေမာင်ကမျက်လုံးဖွင့်မကြည့်ပါဘဲပြုံးနေသည်။သူ့သားကိုက်လို့ဝမှ
မောင်ကမျက်လုံးတွေဖွင့်ကြည့်လာသည်။

"ဘယ်ကခွေးပေါက်စလေးကိုက်နေတာလဲလို့တွေးနေတာ ဒယ်ဒီရဲ့ခွေးပေါက်စလေးဘဲ"

မောင်ကသားကို သူ့ဗိုက်တွေပေါ်တင်ကာ
သားရဲ့ပါးအိအိတွေကိုတရှုံ့ရှုံ့နဲ့နမ်းနေသည်။သားကတော့ မောင့်ဗိုက်ပေါ်
ကားယားလေးဖြစ်နေပြီး သဘောတကျ
ရယ်သံလွင်လွင်လေးက အခန်းတွင်းပြန့်လွင့်နေသည်။မောင်သည် သားကိုနမ်းလို့ဝတော့အနည်းငယ်ကွာနေသော
Jiminကိုယ်လေးအား ဆွဲဖက်ပြီး
သူ့လက်မောင်းတွေပေါ်ခေါင်းအုံးစေသည်။

LoVe StoRyWhere stories live. Discover now