The End❤

5.3K 274 20
                                    

ဂျယ်ဂျူဒို နှင့် ဆိုးလ်အဝေးပြေးကားလမ်းပေါ်တွင် အဝါရောင်ပြိုင်ကားလေးသည်
တရိပ်ရိပ်ပြေးလွှားနေသည်။
ကားထဲတွင်တော့ မောင်သည်မောင်းသူနေရာတွင်ရှိပြီး မောင့်အသည်းအသက်လေးနှင့်မောင့်အသည်းအူလေးက ဘေးကထိုင်ခုံတွင်ထိုင်နေသည်။

ဒန်သည် Jimin ပေါ်မှလက်ခုပ်လေးတီးလျက် သီချင်းလေးတွေအော်ဆိုနေသည်။
ကလေးသီချင်းလေးသည်လည်း
ကားထဲတွင်ပျံ့လွှင့်နေပြီး ဒန်ကနောက်ကနေလိုက်ဆိုနေသည်။မောင့်မျက်နှာဟာလည်း
ပြုံးရွှင်နေသလို မောင့်အသည်းသက်လေးရဲ့မျက်နှာမှာလည်း အပြုံးတို့ဟာဝေဝေဆာဆာ...။သီချင်းတစ်ပုဒ်ပြီးသွားလျှင်
Jiminကလက်ခုပ်တီးပြီး အားပေးသလို
မောင်ကလည်း ဒန်ရဲ့ဆံပင်လေးတွေကို
ဆွဲဖွပစ်သည့်အခါ ဒန်ကစူပုပ်ပုပ်လေး
ကြည့်လာသည်။

"ကေပျက်သွားမယ် ဒယ်ဒီ..."

အင်မတန်မှ အလှကြိုက်သည်ကလည်း
မောင်နှင့်တူနေပြန်သည်။
မောင့်ရဲ့လက်ဖဝါးကြီးကို လက်သေးသေးနှင့်ဆွဲကာ တားဆီးလာတော့
မောင်နှင့်မောင့်အသည်းအသက်လေးက
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ
ပွဲကျသွားသည်။

ဒန်ကတော့ ဒက်ဘုတ်ပေါ်တင်ထားသော
မှန်ကိုယူကာ လှည့်ပတ်ကြည့်ရူနေသည်။
Jiminသည် အသားယားလွန်းလာသည်မို့သားရဲ့ ပါးအိအိကြီးတွေကို ဖိကပ်နမ်း
ပစ်လိုက်တော့သားမျက်နှာပိုပြီး
မဲမှောင်လာပါတော့သည်။

"ပါးပါးကလည်း အရမ်းနမ်းတာဘဲ
သားအလှတွေပျက်ကုန်ပါမယ်ဆို..."

ဟုတ်ပါသည်။ဒန်က ဆိုးလ်ကိုသွားရမည်ဆိုသဖြင့်မနက်အစောကြီးထကာ
ပြင်ဆင်ခိုင်းသည်။အရင်ကလည်း
အစောကြီးနိုးနေတတ်ပေမယ့်
မနေ့ကတော့ ညလည်းအတော်နဲ့မအိပ်သလို
မနက်လည်း အရင်ကထက်အစောကြီးနိုးနေသည်။

ပြီးနောက်မျက်နှာသစ်တာတွေကို
Jiminကအကုန်လုပ်ပေးပြီးနောက်
အဝတ်စားလဲခန်းထဲတွင် သူ့စိတ်ကြိုက်
ဝတ်စုံကိုရှာတော့သည်။

ပြီးလျှင်လည်း မှန်တင်ခုံပေါ်က
ေမာင့်ရဲ့ဂျယ်တွေကို ယူလိမ်းပြီး
မဖီးတတ်ဖီးတတ်ဖြင့် ဘီးတစ်ချောင်းကိုင်ကာအလုပ်ရှုပ်နေပုံကို မောင်နှင့်သူခေါင်းတရမ်းရမ်းဖြင့်ကြည့်နေခဲ့ရသည်။
အရပ်မမှီတာကြောင့် ထိုင်ခုံပေါ်ကနေတက်၍ မှန်တင်ခုံပေါ်တွင်လက်ထောက်ကာ
မှန်ထဲကို ပေါက်ဝင်သွားမတတ်သူ့ကိုယ်သူကြည့်နေပုံမှာ နောက်ကဖင်လေးက
လုံးတစ်ထွက်နေပုံက ပြေးရိုက်ချင်စရာ
မောင်ရောသူရော စိတ်ထိန်းထားရသည်။

LoVe StoRyWhere stories live. Discover now