🔸Pt.2

3.1K 328 75
                                    

သူ့လိုယောက်ျားလေးတယောက်ကို မိန်းကလေးတယောက်လိုအဝတ်အစားဝတ်ခိုင်းပြီး ဟန်​ဆောင်ခိုင်းတာကို တကယ်ဆိုသူမလုပ်ချင်ပေ။ အကြွေးတွေကျေပေးမယ်ဆို၍သာ သူလက်ခံခဲ့ခြင်းပင်။ ဂျွန်မျိုးရိုးနဲ့သာ လက်ထပ်နိုင်ရင် အကြွေးတွေကြေမယ်.. သူကယောက်ျားဆိုတာသိသွားလို့ ဂျွန်မျိုးရိုးဆီက ကန်ထုတ်ခံရရင်တောင် အကြွေးတွေမရှိတော့ သူဘဝသစ်စလို့ရသွားပြီလေ..

ယွန်ဂီနဲ့အတူ အကြောင်းအရာများစွာဆွေးနွေးပြီး ကော်ဖီဆိုင်ကနေပြန်တော့ နောက်ထပ်အချိန်ပိုင်းအလုပ်တခုဆီထပ်သွားခဲ့ရတယ်..

ဒီအလုပ်က စားသောက်ဆိုင်ကြီးရဲ့ သန့်စင်ခန်းတွေကို သန့်ရှင်းရေးလုပ်ရပေးရတာ.. အညစ်အကြေးတွေအကုန်သန့်ရှင်းပေးရတယ်.. သူ့မှာအလုပ်ရွေးချယ်နေခွင့်မရှိတာကြောင့် ရသမျှအလုပ်အကုန်လုပ်ခဲ့ရတယ်..

"ဒီနေ့နောက်ကျတယ်နော်.."

"တောင်းပန်ပါတယ်"

"အလုပ်လုပ်.. ပြီးရင် လုပ်အားခလာထုတ်နော်.."

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်.."

အိမ်သာတွေကို တခန်းဝင်တခန်းထွက် တိုက်ချွတ်ဆေးကြောပေးပြီး ဘေစင်ကိုပါ သန့်ရှင်းရေးလုပ်ပေးဖို့ပြင်တော့ အဲ့အပေါ်မှာ ပိုင်ရှင်မဲ့စွာတည်ရှိနေသော ပိုက်ဆံအိတ်လေးတလုံး.. ပိုက်ဆံအိတ်ကိုယူကြည့်မိတော့ ပိုက်ဆံတွေအထပ်လိုက်..

မယူသင့်ဘူးဆိုတာသိပေမဲ့.. မရှိသူမို့ ခဏတာလောဘတက်မိသွားတယ်.. ယူလိုက်ရင်ဘယ်သူမှမသိလောက်ဘူးမယ့်လား..လို့တွေးကာ ထိုပိုက်ဆံတွေကို ကြည့်နေတုန်းမှာပင် ပိုက်ဆံအိတ်လေးက ဆွဲလုခံရတယ်.. ပိုက်ဆံအိတ်လာဆွဲယူသွားတတဲ့သူက အိတ်ပိုင်ရှင်လို့ထင်တာကြောင့် ဆော့ဂျင်ကြောက်လန့်ကာ မော့ပင်မကြည့်ရဲပေ။

ထိုလူရဲ့လက်မှာလည်း တက်တူးအချို့ကိုတွေ့လိုက်ရတာကြောင့် ပိုလန့်ကာ ခေါင်းငုံ့ထားရင်းသာ အကြိမ်ကြိမ်တောင်းပန်စကားဆိုမိတယ်..

"ယူဖို့မရည်ရွယ်ပါဘူး.. တောင်းပန်ပါတယ်.. တကယ်တောင်းပန်ပါတယ်.."

"ဟက်! မင်းမယူခင်ငါရောက်လာလို့သာ ဒီစကားပြောတာပေါ့.. ရော့.. ယူထားလိုက်!"

𝖸𝗈𝗎'𝗋𝖾 𝖬𝗒 𝖣𝖾𝗌𝗍𝗂𝗇𝗒 [✔]Where stories live. Discover now