ဖုန်းဆက်တိုက်ခေါ်နေတာတောင် တဖက်ကဖုန်းပြန်မဖြေတော့ ဒါယွန်းဒေါသထွက်လာတော့တယ်.. ခုံပေါ်ကြိုးတုပ်ထားတဲ့ကင်မ်ဆော့ဂျင်ကို ဓာတ်ပုံကိုပို့လိုက်တော့မှ ကိုကြီးဖုန်းပြန်ဆက်လာတော့တယ်...။
"ဒါဘာလုပ်တာလဲ ဒါယွန်း!! ဆော့ဂျင်ကိုလွှတ်ပေးလိုက်"
"ဒီအတိုင်းတော့ လွှတ်ပေးလို့မရဘူးလေ.. အပေးအယူတော့လုပ်ရမှာပေါ့"
"ပိုက်ဆံဘယ်လောက်လိုလဲပြော.. ငါပေးမယ်"
"ယွန်းကပိုက်ဆံလိုတာမှမဟုတ်တာ.. ကိုကြီးကိုလိုတာလေ.. ယွန်းနဲ့လက်ထပ်စာချုပ်မှာလက်မှတ်ထိုးပေး.. "
"ဘာ! မင်း!!!"
"လက်မှတ်မထိုးပေးရင် ဆော့ဂျင်ကိုသတ်ပစ်မယ်.. ဘယ်တော့မှပြန်မြင်ရမယ်လို့မထင်နဲ့တော့.."
"ပြော.. ဘယ်နေရာကိုလာရမလဲ"
"ရဲမခေါ်လာနဲ့နော်.. ကိုကြီးတယောက်တည်းလာ"
ဒါယွန်းနဲ့ဖုန်းပြောနောက် ချိန်းဆိုလိုက်တဲ့နေရာကို နမ်ဂျွန်းချက်ချင်းထွက်လာခဲ့တယ်.. ကားမောင်းနေရင်းဖြင့်သာ ဂျောင်ဂုဆီကိုလည်းဆက်သွယ်ခဲ့တယ်... ဆော့ဂျင်ကဂျောင်ဂုအနားမှာ လုံလုံခြုံခြုံရှိနေတယ်လို့ သူထင်ခဲ့ပေမဲ့ အခုဘာတွေဘယ်လိုဖြစ်သွားလဲမသိပါ..။
"Hello!"
"ဘာလဲ..ကင်မ်နမ်ဂျွန်းရှီ! ဘာဇာတ်လမ်းတွေပြောပြအုံးမလို့လဲ.. နှစ်ယောက်လုံးကလိမ်ကကျစ်ကောင်!"
"နေပါအုံး.. မင်းဘာတွေပြောနေတာလဲ.."
"မင်းနဲ့ဆော့ဂျင်နဲ့ဖောက်ပြန်နေတာ ငါသိပြီးပြီ.."
"တခုခုအထင်လွဲနေပြီထင်တယ်နော်.."
"ဘာကိုအထင်လွဲရမှာလဲ.. ငါကိုယ်တိုင်ဓာတ်ပုံမှာမြင်ပြီးပြီ မင်းဆော့ဂျင်ကို.... တောက်ခ်!!!"
"မင်းဘာပုံတွေ့ထားလဲမသိပေမဲ့ ဆော့ဂျင်နဲ့ငါနဲ့ဘာမှမပတ်သက်ဘူး.. ငါဆော့ဂျင်ကိုတခုခုအခွင့်အရေးယူနေမိတယ်ဆိုရင်တောင် ဆော့ဂျင်ဆန္ဒမပါဘဲငါပဲတဖက်သတ်လုပ်နေတာ.. ဆော့ဂျင်ကမင်းကိုပဲချစ်တာ ဂျောင်ဂု.. အခုဆော့ဂျင်ကို ဒါယွန်းက..."
YOU ARE READING
𝖸𝗈𝗎'𝗋𝖾 𝖬𝗒 𝖣𝖾𝗌𝗍𝗂𝗇𝗒 [✔]
Fanfictionယောက်ျားလေးတစ်ယောက်ဟာ မိန်းကလေးအဖြစ်ဟန်ဆောင်ပြီး လက်ထပ်လိုက်တဲ့အခါ.... × Jeon Jung Kook × Kim Seok Jin × Kim Nam Joon