🔸Pt.17

2.5K 288 151
                                    

"အခုသွားမယ်.. လာ!"

အဖိုးနဲ့ဖုန်းပြောပြီးပြီချင်း ဂျောင်ဂု ဆော့ဂျင်လက်ကိုဆွဲပြီး အဖိုးဆီသွားဖို့လုပ်တော့တယ်..

"ခဏ.. ခဏ.. ဘယ်ကိုသွားမှာလဲ"

"အဖိုးဆီသွားမယ်.."

"မဖြစ်.. မဖြစ်ဘူးထင်တယ်.. ဂျင်ကြောက်တယ်"

"ဟက်! ဘာကြောက်တာလဲ လိမ်တုန်းကလိမ်ထားပြီး.."

"..........."

"နေအုံး.. ဒီမှာခဏစောင့်နေ. ငါအခုပြန်ဆင်းလာမယ်.. ငါ့ပြန်လာလို့မတွေ့ရင် ငါ့အကြောင်းသိမယ်..."

"ခြိမ်းခြောက်မနေပါနဲ့.. ဂျင်ကအကို့စကားဆိုနားထောင်ပြီးသားပါ"

"အပိုတွေမပြောနဲ့.. စောင့်နေ"

ဂျောင်ဂုအပေါ်ထပ်တက်သွားတော့ ဆော့ဂျင်ဧည့်ခန်းထဲမှာပဲထိုင်စောင့်နေလိုက်တယ်... စက္ကန့်ပိုင်းလေးသာကြာပြီးနောက် ဂျောင်ဂုလှေကားပေါ်ကနေပြန်ပြေးဆင်းလာတယ်.. သူထွက်ပြေးမှာစိုးရိမ်နေတဲ့ပုံပဲ.. ထို့နောက်ဂျောင်ဂုလက်ထဲက မာဖလာအနီလေးကိုဆော့ဂျင်ဆီကမ်းပေးလာတယ်။

"ရော့.. ပတ်ထား.. မင်းလည်ပင်းမှာသိသာနေတယ်.."

"မလိုဘူး..."

"ဘာမလိုတာလဲ.. ရူးနေလား"

စိတ်မရှည်လာ၍ ဂျောင်ဂုကိုယ်တိုင်ပတ်​ပေးလိုက်တော့ ဆော့ဂျင်မှာကျေနပ်လွန်းပြီး ပြုံးစိစိ။

**********

"လာပြီလား.. ငါ့မြေးတို့.."

ဧည့်ခန်းထဲတွင် အဖိုးနဲ့ အန်တီဂျီအာတို့သားအမိသာရှိတယ်... သူတို့သားအမိကတော့ ဆော့ဂျင်ကိုတွေ့တာနဲ့မျက်စောင်းထိုးတော့တယ်... ဆော့ဂျင်ကတော့ အဖိုးနဲ့မျက်နှာချင်းဆိုင်ရမှာ အရမ်းအားနာနေမိတာကြောင့် ဂျောင်ဂုခန္ဓာကိုယ်အနောက်တွင် ကပ်လျက်ပုံးကွယ်နေမိတယ်..

"ဟိတ်ကောင်!... ငါ​့မြေးအနောက်ကကောင်ထွက်ခဲ့.."

သြဇာသံအပြည့်ပါတဲ့အဖိုးအသံကြားတော့ ဆော့ဂျင်မှာ ကြောက်ဒူးတုန်လာတော့တယ်.. ဆော့ဂျင်အမြန်ပင် ဒူးထောက်ချလိုက်ပြီး တောင်းပန်စကားတွေထပ်တလဲလဲဆိုတော့တယ်..

𝖸𝗈𝗎'𝗋𝖾 𝖬𝗒 𝖣𝖾𝗌𝗍𝗂𝗇𝗒 [✔]Where stories live. Discover now