"ဂျင်ဂျင်~ လာအိပ်လေ ဘာလုပ်နေတာလဲ"
ပုံမှန်ဆိုအိပ်ယာစောဝင်တတ်တဲ့ ဂျင်ဂျင်က ဒီညကျတော့ အခန်းထဲကိုဝင်မလာဘဲ TV ရှေ့ကနေမထပေ.. သူလာခေါ်တော့မှလှည့်ကြည့်လာတယ်..
"မအိပ်ဘူး.."
"ဘာဖြစ်တာလဲ ညတိုင်းကုတင်တခုခုတည်းအတူတူအိပ်နေတာပဲလေ"
"ဒီနေ့ကမတူဘူးလေ"
"ဘာလဲ.. အကိုတခုခုလုပ်မှာစိုးလို့ပါ"
"ဟင်းး ဒီညအခြားအခန်းမှာသွားအိပ်မယ်"
"ဒီတညပဲရမယ်နော် ဂျင်ဂျင်"
"အွန်း.."
ဒီနေ့သူအတင်းနမ်းထားမိတော့ ဂျင်ဂျင်က မိန်းကလေးတယောက်ဖြစ်သည့်အလျောက် ကြောက်နေသည်ထင်.. တခုခုစိုးရိမ်နေတဲ့ပုံပေါ်တော့ သူအတင်းမခေါ်တော့ပေ..။ ဒီတညတော့အခန်းခွဲအိပ်ဖို့သူသဘောတူလိုက်တယ်.. ။
ဂျင်ဂျင်ကိုဘယ်လိုဆက်လိုက်ရမလဲဆိုတဲ့ အကြောင်းတွေသူတွေးနေမိတယ်.. သူ့ဘက်ကအပွင့်လင်းဆူံးပြောထားပြီးပြီဆိုပေမဲ့ ဂျင်ဂျင်ဘက်ကမီးစိမ်းမပြတော့ အနေခက်သား..။ ရှိသမျှသတိ္တအကုန်ထုတ်သုံးပြီး သူဖော်ပြထားပြီးသားပါ.. သူ့ကိုအရမ်းစိတ်ဆိုးသွားတာလား~ ညတိုင်းခွဲအိပ်နေရင် ဘယ်လိုလုပ်မလဲ~ အတွေးပေါင်းများစွာနဲ့အတူ အိပ်ယာထက်လူးလိမ့်နေရင်း အိပ်မပျော်နိုင်ခဲ့.. ။
အိပ်မပျော်မယ့်အတူတူ ဂျင်ဂျင်အိပ်နေတဲ့အခန်းကို သူဝင်လာလိုက်တယ်..။ ကုတင်ပေါ်မှာဘေးတခြမ်းစောင်းကာ အိပ်ပျော်နေတဲ့ကိုယ်လေး.. ဂျောင်ဂုအနောက်ကဝင်ပြီးကျောပြင်လေးကိုဖက်ထားလိုက်တယ်.. ဆံပင်စလေးတွေကို အနည်းငယ်ဖယ်ရှားလိုက်ပြီး လည်ပင်းအနားလေးကိုနမ်းရှိုက်လိုက်မိတယ်.. ဒီကိုယ်သင်းရနံ့လေးကိုလည်း သူတကယ်သဘောကျတယ်... ။
ဧည့်သည်ခန်းကကုတင်လေးက တယောက်အိပ်ကုတင်ဖြစ်တာကြောင့် ကုတင်ငယ်လေးထက်မှာ နှစ်ယောက်သားပူးကပ်စွာ..။
********
အကိုရုံးသွားတာနဲ့ သူယွန်ဂီရဲ့ကော်ဖီဆိုင်ကိုထွက်လာခဲ့တယ်.. ။ မိန်းကလေးဝတ်စုံနဲ့အိမ်ကထွက်လာပေမဲ့ အများသုံးသန့်စင်ခန်းတခုမှာ သူပုံမှန်ဝတ်နေကျ ယောက်ျားလေးအဝတ်အစားတွေပြန်လဲလိုက်တယ်.. အခုမှပေါ့ပါးသွားပြီး သူ့အရင်ဘဝကိုပြန်ခံစားမိတော့မယ်.. ။
YOU ARE READING
𝖸𝗈𝗎'𝗋𝖾 𝖬𝗒 𝖣𝖾𝗌𝗍𝗂𝗇𝗒 [✔]
Fanfictionယောက်ျားလေးတစ်ယောက်ဟာ မိန်းကလေးအဖြစ်ဟန်ဆောင်ပြီး လက်ထပ်လိုက်တဲ့အခါ.... × Jeon Jung Kook × Kim Seok Jin × Kim Nam Joon