🔸Pt.7

2.3K 266 76
                                    

နေရောင်ခြည်ကြောင့် အိပ်ခန်းတခွင်အလင်းပြန့်လာတော့ ဂျောင်ဂုလည်းနိုးလာခဲ့တယ်.. မျက်လုံးဖွင့်ဖွင့်ချင်း သူ့ကိုစိုက်ကြည့်နေတဲ့ ဂျင်ဂျင်ရဲ့တလက်လက်ထနေတဲ့မျက်ဝန်းလေးတွေကြောင့် သူပြုံးမိသွားတယ်..။

ဘယ်အချိန်ကတည်းက သူ့ကိုကြည့်နေတာပါလိမ့်.. ~

သူရယ်လိုက်တော​့မှ မျက်နှာလေးရဲပြီး ဂျင်ဂျင်ကသူ့ရင်ခွင်ထဲကနေထပြေးတော့တယ်.. သူပါအမြန်ထထိုင်ပြီး ဂျင်ဂျင်ကိုထသွားခွင့်မပေးဘဲ ခါးကျဥ်းကျဥ်းလေးကနေဆွဲဖက်ထားလိုက်တယ်.. အနောက်ကနေဂျင်ဂျင့်ပခုံးပေါ်မှေးဖျားလေးပါတင်ထားတယ်..

"အကို~"

"ကိုယ့်ကိုဘယ်အချိန်ကတည်းက ကြည့်နေတာလဲ"

"မကြည့်.. မကြည့်ပါဘူး.."

"အဲ့ဆိုဘာလို့ရှက်ပြီး ရှောင်ပြေးတာလဲ.. ဂျင်ဂျင်ကအရမ်းရှက်တတ်တာပဲ.. ကိုယ်အရမ်းအသည်းယားတာရောသိလား"

"မသိဘူး"

"ဟားးး ဟားးး.. ဒီလိုလေးကိုက အရမ်းအသည်းယားဖို့ကောင်းတယ်"

"အကို~ ဂျင့်ကိုလွှတ်ပေးပါအုံး.."

"ဂျင်ဂျင်~ အခုရောအဆင်ပြေရဲ့လား.. နေရောကောင်းရဲ့လား.. ညက~"

"ဟို.. ဂျင်ကမိုးချုန်းရင်ကြောက်တတ်လို့ပါ.. အဆင်ပြေပါတယ်"

"ဆက်ပြီးကိုယ်ကအမြဲတမ်းရှိနေပေးမှာမလို့ ဂျင်ဂျင်ကြောက်စရာမလိုတော့ပါဘူး... အကို့ရင်ခွင်အကျယ်ကြီးနဲ့ ကာကွယ်ပေးပါ့မယ်"

"ကျေးဇူးပါပဲ အကို~"

ဒီနေ့မှထူးထူးဆန်းဆန်းစကားတွေပြောနေတဲ့အကို့ကို အံ့သြမိသလို.. ဒီလိုတွေကြားရတာဆော့ဂျင်ပျော်မိတယ်.. မျက်နှာပေါ်ကအပြုံးတခုကိုလည်း သူလုံးဝမရပ်တန့်နိုင်ခဲ့ပါ.. တကယ်ပဲသူအချစ်ခံရတော့မှာလားဆိုတဲ့ မျှော်လင့်ချက်လေးတခုပေါ်လာခဲ့တယ်.. ထို့နည်းတူသူအကို့ကိုချစ်နေတာလားဆိုတာ ကိုယ့်ကိုယ်ကိုပြန်မေးဖို့လိုအပ်လာခဲ့တယ်... ။

********

"ဂျင်ဂျင်လိုချင်တာ အကုန်ထည့်.."

𝖸𝗈𝗎'𝗋𝖾 𝖬𝗒 𝖣𝖾𝗌𝗍𝗂𝗇𝗒 [✔]Where stories live. Discover now