🔸Pt.12

2.1K 249 81
                                    

သူပြန်မဆက်သွယ်ရင် အိမ်အထိလိုက်မယ်ဆိုတဲ့နမ်ဂျွန်းကြောင့် သူလန့်နေရသေးတယ်... တကယ်မလိုက်လာတော့လည်း ကျေးဇူးတင်ပါရပြန်တယ်...။ နမ်ဂျွန်းက သူ့ကိုအခက်တွေ့အောင်မလုပ်ဘူးဆိုတာ သူထင်တော့ထင်သားပဲ.. ။

ဆော့ဂျင်သီချင်းလေးညည်းရင်း မီးဖိုခန်းလေးအလုပ်ရှုပ်နေတော့တယ်.. ရေညှိထမင်းလိပ်အဝိုင်းလေးတွေကို လှပစွာစီရီရင်း ကြက်ဥမုန့်လိပ်ကိုလည်း ထည့်သေးတယ်.. ထမင်းလူံးတွေကိုတော့ လှလှပပပုံဖော်ထားလိုက်တယ်.. ထမင်းဘူးလေးကလှပစွာပါ.. နောက်ထပ်တဘူးကျတော့လည်း အသီးအနှံတွေကြောင့် အရောင်အသွေးစုံလွင်စွာလှပနေတော့တယ်.. ။ ထမင်းဘူးပြင်ဆင်အပြီးမှာတော့ ကိုယ်တိုင်လည်းလှလှပပပြင်ဆင်ရင်း အကို့ရုံးဆီကိုထွက်လာလိုက်တော့တယ်.. ။

Receptionက အကိုတယောက်က ဆော့ဂျင်ကိုတွေ့တာနဲ့ နှုတ်ဆက်လာတော့တယ်.. ။ အခေါ်အဝေါ်ကြောင့် မျက်လုံးလေးမှာအဝိုင်းသား..။

"မင်္ဂလာပါ မရီး.."

"......"

"CEOက အလုပ်ကိစ္စတခုကြောင့်အပြင်ထွက်သွားတယ်... ရုံးခန်းမှာစောင့်နေလို့ရပါတယ်.. ကျွန်တော်လိုက်ပို့ပေးပါ့မယ်ဗျ.."

"ကျေးဇူးတင်ပါတယ်"

"ရပါတယ်.. မရီးကတကယ်လှတာပဲ.. အဲဒါကြောင့်ကျွန်တော်တို့CEOက သဲသဲလှုပ်.."

"ဟီး.. ဟုတ်"

ဆော့ဂျင် ဂျောင်ဂုရုံးခန်းကိုရောက်ဖူးတာ အခုမှပထမဆုံးအကြိမ်ဖြစ်တယ်.. ခုနကကောင်လေးကိုလည်းမမြင်ဖူးပေမဲ့.. အဲ့ကောင်လေးကတော့ သူ့ကိုသေချာသိနေသည်ပုံပင်..

ဂျောင်ဂုအလုပ်စားပွဲထက်မှာ သူတို့နှစ်ယောက်မင်္ဂလာဆောင်တုန်းက ဓာတ်ပုံလေးကနေရာယူထားတာ လှပစွာ... ။ ဂျောင်ဂုက သူ့ကိုအရမ်းအလေးထားတာမျိုး သူခံစားမိတယ်.. ဂျောင်ဂုကချစ်တဲ့သူကိုထုတ်ပြဖို့ဝန်လေးနေသည့်ပုံမဟုတ်... ။ ဆော့ဂျင်ပျော်ရွင်စွာပင်.. ဓာတ်ပုံလေးကြည့်ပြီးမှ ဆိုဖာမှာထိုင်စောင့်နေလိုက်တော့တယ်.. ။

ဂျောင်ဂုကိုကြိုမပြောဘဲ လာမိတာမှားပြီလို့ပင်တွေးနေမိတယ်.. နေ့လည်စာစားချိန်ကိုပင်ကျော်လွန်လာသည့်တိုင်အောင် ဂျောင်ဂုပြန်မရောက်လာခဲ့သေး.. တံခါးပေါက်ဆီကိုပဲ ငေးကြည့်ရင်း မျှော်နေမိတယ်.. ဘာမှလည်းလုပ်စရာမရှိတော့ သတင်းစာတအုပ်ကောက်ကိုင်ပြီးကြည့်နေလိုက်တယ်.. ငိုက်မြည်းလာတော့မျက်လုံးတွေစင်းကျလာတော့တယ်.. ။.

𝖸𝗈𝗎'𝗋𝖾 𝖬𝗒 𝖣𝖾𝗌𝗍𝗂𝗇𝗒 [✔]Where stories live. Discover now