🔸Pt.19 | M

3.6K 282 141
                                    

🔺Warning🔻

"အိပ်ရအောင် ဆော့ဂျင်"
"ဒီညကို မင်းနဲ့ဖြတ်သန်းချင်တယ်"

'ရင်ခုန်လား'လို့ပဲမေးမိတာကို မထင်မှတ်ထားတဲ့အဖြေကြောင့် ဆော့ဂျင်မှာအံ့သြမှင်သက်မှုအပြည့်.... ပတ်ဝန်းကျင်ကအရာအားလုံးငြိမ်သက်နေသလို အချိန်တွေအားလုံးရပ်တန့်သွားသည့်အတိုင်းပင်.. ဆော့ဂျင်ဘာပြန်ပြောရမလဲမသိဘဲ တွေဝေနေမိတယ်..။

"ဟမ်.."
"ဒါ.. ဒါတော့မဟုတ်သေးဘူးလေ"

ပြူးကြောင်ကြောင်လေးဖြစ်နေတဲ့ဆော့ဂျင်ကို ဂျောင်ဂု ခါးကိုဖက်ပြီးအနီးကပ်ဆွဲသွင်းလိုက်တယ်..

အင့်~

အကိုနဲ့အရမ်းနီးကပ်သွားတော့ ဆော့ဂျင်ရင်ခုန်သံတွေပိုမြန်လာတယ်.. ဆော့ဂျင်ဘာမှပြန်မပြောနိုင်သေးပေ.. အကို့ကိုမယုံလည်းမယုံနိုင်ပေ.. ယောက်ျားလေးဆိုမုန်းတယ် ရွံတယ်ဆိုတဲ့သူက 'အိပ်ရအောင်'ဆိုတော့ ဆော့ဂျင်တကယ်ပင်မယုံကြည်နိုင်...။ ဘာကိုစမ်းသပ်ချင်တာလဲမသိပေမဲ့ လက်ခံသင့်လား.. လက်မခံသင့်ဘူးလား.. မဝေခွဲတတ်..။

"........."

ဂျောင်ဂု ဆော့ဂျင်မျက်နှာအနားကိုပိုတိုးကပ်လိုက်တော့ ဆော့ဂျင်မျက်လုံးတွေမှိတ်ကျသွားကာ နားရွက်လေးတွေရဲတွတ်သွားတာကို ဂျောင်ဂုသတိထားမိလိုက်တော့... နားရွက်ဖျားအစွန်းလေးအား ဖွဖွလေးစုပ်လိုက်ရင်း စကားတခွန်းဆိုတော့ ဆော့ဂျင်ကိုယ်လေးတုန်တက်သွားတယ်..။

"ပြောတော့ ကိုယ့်ကိုချစ်တယ်ဆို.."

တကယ်ကြီးအတည်ဖြစ်နေတဲ့အကိုကြောင့် ဆော့ဂျင်ကြက်သီးထကုန်တယ်... သူအခုအကိုနဲ့အိပ်ရမှာလား...။ အကို့ကိုချစ်တယ် အကို့အနားမှာနေချင်တယ်ပဲတွေးဖူးတာ.. အကိုနဲ့အိပ်ချင်တယ်ဆိုတာမျိုးတော့ မတွေးဖူးသေးတော့ ဒါမျိုးကြီးကျ သူတကယ်ကြောက်နေသလိုလိုဖြစ်နေမိတယ်...။

"အကို.. ဂျင်.. ဂျင်ကလေ~...."

အွန့်~

ငြင်းဆန်ချင်သလိုလုပ်နေတဲ့ဆော့ဂျင်ကို ဂျောင်ဂုခွင့်မပြုခဲ့... ဆက်ပြောလာမယ့်စကားများကိုပင် နားမထောင်တော့ဘဲ လက်တဖက်ကဆော့ဂျင်ကိုခါးကိုပိုတင်းကျပ်စွာပွေ့ဖက်လိုက်ရင်း လက်တဖက်ကဆော့ဂျင်မျက်နှာလေးကိုထိန်းကိုင်ကာ နှုတ်ခမ်းအိအိလေးအား ဂျောင်ဂုငုံထွေးလိုက်တယ်...။

𝖸𝗈𝗎'𝗋𝖾 𝖬𝗒 𝖣𝖾𝗌𝗍𝗂𝗇𝗒 [✔]Where stories live. Discover now