"နမ်ဂျွန်း ခဏစောင့်ပါအုံးကွယ်.. အန်တီသမီးကိုသွားခေါ်ပေးမယ်"
"ဟုတ်ကဲ့ ရပါတယ်အန်တီ"
"သမီးကလေ သူ့ကိုကြီးနဲ့အတူပွဲတက်ရမယ်ဆိုတော့ ပြင်ဆင်နေတာမပြီးတော့ဘူး"
"အချိန်ရပါသေးတယ်.. အေးဆေးလုပ်ပါလို့ပြောလိုက်ပါ"
စီးပွားလုပ်ငန်းရှင်များအစည်းအရုံးကနေ နှစ်စဥ်ကျင်းပတဲ့ ပါတီကိုသွားရမှာဖြစ်တယ်.. ဒီပါတီကို ကိုရီးယားကလုပ်ငန်းရှင်တွေရော.. နိုင်ငံခြားကနေလာတဲ့လုပ်ငန်းရှင်တွေပါတက်ရောက်ကြတယ်.. ။
ဒီလိုပါတီတွေမှာ လုပ်ငန်းရှင်တွေဟာပါတနာကိုယ်စီနဲ့တက်ရောက်ကြတာများတယ်.. ။ နမ်ဂျွန်းကတော့ သူ့နားမှာအမြဲကပ်ချွဲတတ်တဲ့ဒါယွန်းက သူနဲ့အတူပွဲတက်ချင်တယ်ဆိုလို့ .. သူလာကြိုပေးခြင်းဖြစ်တယ် .. ဒါယွန်းကသူ့ကိုဘယ်လိုသဘောထားလဲဆိုတာသိပေမဲ့ သူကတော့ဒါယွန်းကို ညီမလေးတယောက်လိုပဲသဘောထားတယ်.. ။
ဒီနေ့ပွဲကို သူတက်ရောက်ရတဲ့အကြောင်းအရင်းနောက်တခုရှိသေးတယ်.. ဒါကတော့ ဂျွန်ဂျောင်ဂုရဲ့ဇနီးကင်မ်ဂျင်ဟီးဆိုသူကို သူထပ်ပြီးတွေ့ချင်လို့ဖြစ်တယ်.. ။ မင်ယွန်ဂီရဲ့ဆိုင်ကိုလိုက်သွားပေမဲ့ အဆက်အသွယ်မရှိဟူသည့်အဖြေသာရခဲ့တာကြောင့် ကင်မ်ဂျင်ဟီးနဲ့တွေ့ရင် ဆော့ဂျင်အကြောင်းမေးချင်မိတယ်.. တခါပဲတွေ့ဖူးခဲ့ပေမဲ့ ဂျင်ဟီးရဲ့ ဒီမျက်နှာ ဒီပုံရိပ်လေးက သူ့အာရံထဲကမထွက်သွားသေး .. ။ ဆော့ဂျင်နဲ့ရုပ်အရမ်းဆင်တာကြောင့် မောင်နှမတွေများဖြစ်နေမလားလို့ပဲ ရိုးရှင်းစွာတွေးနေမိတယ်.. ။
ဘေးကနေနမ်ဂျွန်းလက်ကိုချိတ်ထားရင်း ပွဲတက်ရတော့ တလောကလုံးအပိုင်ရသလိုပင် ဒါယွန်းပြုံးပျော်နေမိတော့တယ်.. ။ နမ်ဂျွန်းကတော့ ပွဲထဲရောက်ကတည်းက တယောက်သောသူကိုရှာနေပေမဲ့ မတွေ့သေးပေ... မတွေ့တာထက်မရောက်သေးတာထင်ပါရဲ့.. ။
လူတွေရုပ်ရုပ်သဲသဲဖြစ်သွားတော့ ဝင်ပေါက်ဆီလှမ်းကြည့်မိတယ်.. သေချာပေါက်ဂျွန်ဂရုက ဂျွန်ဂျောင်ဂုနဲ့ ဇနီးကင်ဂျင်ဟီးအတူတူတက်ရောက်လာတာပါပဲ.. ဂျင်ဟီးကဒီနေ့ကျတော့ အနီရောင်ဝတ်စုံလေးနဲ့လှနေပြန်တယ်.. ကာမပိုင်ယောက်ျားရှိသူကို မပြစ်မှားသင့်ပေမဲ့.. ထိုမျက်နှာလှလှလေးကိုတော့ သူခဏတာငေးမောမိသွားတယ်.. ။
YOU ARE READING
𝖸𝗈𝗎'𝗋𝖾 𝖬𝗒 𝖣𝖾𝗌𝗍𝗂𝗇𝗒 [✔]
Fanfictionယောက်ျားလေးတစ်ယောက်ဟာ မိန်းကလေးအဖြစ်ဟန်ဆောင်ပြီး လက်ထပ်လိုက်တဲ့အခါ.... × Jeon Jung Kook × Kim Seok Jin × Kim Nam Joon