🔸Pt.6

2.2K 237 35
                                    

အရာရာလိုလေသေးမရှိ ပြီးပြည့်စုံတဲ့ဘဝတခု.. မိဘတွေရဲ့ချစ်ခြင်းအပြည့်ရပြီး အမြဲပျော်ရွင်ရတဲ့မိသားစုလေးတခု.. သူ့ကိုယ်သူကံကောင်းတဲ့သူလိုမှတ်ယူမိတယ်.. ရုပ်ရည် ငွေကြေး ပျော်ရွင်ခြင်း မိသားစု.. ဘာမှမလိုအပ်လောက်အောင် ဘဝမှာအရာရာပြီးပြည့်စုံတယ်.. ဘဝမှာပူဆွေးစရာတွေမရှိခဲ့ဘူး..။

အဲ့နေ့ညကစပြီး ဘဝတခုလုံးပြောင်းလဲသွားခဲ့သလို ဘဝတခုအမှောင်ရိပ်ဖုံးလွမ်းသွားခဲ့တာ..။ အဲ့ဒီနေ့ည.. အဲ့နေ့ကအထက်တန်းပြီးတော့ ညအထိသူငယ်ချင်းတွေနဲ့ပျော်ပါးပြီး အိမ်ပြန်လာခဲ့တာ.. ။ အမြဲမီးထိန်ထိန်လင်းကာ ခန့်ညားလှတဲ့ကင်မ်အိမ်တော်ကြီးက ပုံမှန်နဲ့မတူမီးရောင်တွေက မိန်ပျပျသာရှိတယ်.. ။ ဝန်ထမ်းတွေအများကြီးခန့်အပ်ထားတဲ့ ကင်အိမ်တော်ကြီးက လူမနေသလိုတိမ်းခြောက်ခြောက်..။ အပြင်ကပြန်လာရင် ခြံတခါးလာဖွင့်ပေးတဲ့ ခြံအစောင့်တောင်မှရှိမနေခဲ့..။

ဆော့ဂျင် ခြံတခါးကိုဆင်းဖွင့်လိုက်ပြီး ကိုယ်တိုင်ကားမောင်းပြီး ဝင်လာလိုက်တယ်..။ မိုးတွေရွာသွန်းနေလို့ ခြံစောင့်ကတံခါးလာမဖွင့်တာလို့ပဲ မှတ်ယူလိုက်တယ်..။ မှောင်မဲနေတဲ့အိမ်ထဲခြေချလိုက်တာနဲ့ မိုးခြုံးသံနောက်မှာ လျှပ်စီးနဲ့အတူလင်းလက်သွားတဲ့ အိမ်တော်ကြီး.. အလင်းရောင်အောက်မှာ တလပ်လပ်ဖြစ်နေတဲ့ အနီရောင်သ​ွေးကွက်ကစိတ်ခြောက်ခြားဖွယ်ရာ..။

မထင်မှတ်ထားတဲ့မြင်ကွင်းကြောင့် တုန်လှုပ်ခြင်းနဲ့အတူ ဆော့ဂျင်ခြေလှမ်းတွေရပ်မတန့်တုံ့ဆိုင်းနေတယ်.. သွေးကွက်တလျှောက်အတိုင်း အကြည့်တွေဆက်မိတော့ ဧည့်ခန်းထဲမှာတင်သွေးအိုင်ထဲလဲနေတဲ့အမေဖြစ်သူ..။ ထိုမှတဆင့် ဆိုဖာပေါ်ထိုင်လျက်သားနဲ့ နဖူးပေါ်မှသွေးများစီးကျနေသော အဖေဖြစ်သူ.. ဘေးနားမှာသေနတ်တလက်ရှိနေခဲ့တာ..။

တုန်လှုပ်ခြောက်ခြားမှုများနဲ့အတူ ဘာစကားအသံမှာမထွက်လာနိုင်ဘဲ.. ဆော့ဂျင်မျက်လုံးထဲက မျက်ရည်တွေစီးကျနေတယ်.. ဘာတွေများဖြစ်ခဲ့လို့လဲဆိုတာလည်း မတွေးတောနိုင်.. အမြဲတမ်းပျော်ရွင်ခဲ့တဲ့မိသားစု.. အခုတော့သူ့ကိုတယောက်တည်းထားခဲ့တာ.. ။

𝖸𝗈𝗎'𝗋𝖾 𝖬𝗒 𝖣𝖾𝗌𝗍𝗂𝗇𝗒 [✔]Where stories live. Discover now