Ring~ !
အိပ်ယာဘေးကဖုန်းမြည်သံကြားတော့မှ ဆော့ဂျင်နိုးလာတော့တယ်.. ဘေးမှာတော့ဂျောင်ဂုမရှိနေ.. ရေချိုးခန်းဝင်နေသည်ထင်.. ဖုန်းကဂျောင်ဂုဖုန်းဖြစ်တာကြောင့် သူထမကိုင်မိပါ.. ခဏအကြာတဲ့အထိဖုန်းမြည်သံဟာ ဆက်တိုက်ထွက်ပေါ်နေတော့တယ်.. ဆော့ဂျင်မနေနိုင်တော့တာကြောင့် ဖုန်းကိုင်ဖို့ကြည့်လိုက်တော့~
"Yaya Group Kim Namjoon~"
မြင်လိုက်ရဲ့contant nameကြောင့် သူလက်တွေပါတုန်ရီလာတယ်.. စီနီယာကအကိုကို့ သူ့အကြောင်းပြောပြမလို့လား လို့ပင်ပထမဆုံးတွေးမိတော့တယ်.. ဂျောင်ဂုမထွက်လာခင် သူဖုန်းကိုင်လိုက်တော့တယ်..
"ဟယ်လို~"
"ဆော့. ဆော့ဂျင်လား"
"စီနီယာဘာလို့ဖုန်းခေါ်တာလဲ.. အကို့ကိုလျို့ဝှက်ထားပေးမယ်လို့ပြောခဲ့တယ်မယ့်လား.."
"တကယ်တော့ ကိုယ်ဂျင်နဲ့ပဲဖုန်းပြောချင်လို့ ဂျင်များလာကိုင်လောက်မလားလို့မျှော်လင့်ပြီး ခေါ်လိုက်တာပါ.. အခြားရည်ရွယ်ချက်မရှိပါဘူး"
"ဘာပြောမလို့လဲ မြန်မြန်ပြော.."
"ကိုယ်ဆော့ဂျင်နဲ့တွေ့ချင်တယ်.."
"မဖြစ်နိုင်ပါဘူး.. အခက်တွေ့အောင်မလုပ်ပါနဲ့"
"ဒါဆိုရင်အိမ်အထိလာခဲ့မယ်.."
"စီနီယာ!.."
"ကိုယ်တကယ်ပြောနေတာ.. ဆော့ဂျင်မလာရင် ကိုယ်လာခဲ့မယ်.."
"ဂျင်နောက်မှပြန်ဆက်သွယ်လိုက်မယ်.."
ရင်တမမဖြင့်သာဖုန်းပြန်ချလိုက်တော့တယ်.. အကိုမရောက်လာသေးခင် call history ပါပြန်ဖျက်ထားလိုက်တယ်.. ။
********
၃ရက်ကနေ ၅ရက်အထိကြာမြင့်လာခဲ့တယ်.. ဆော့ဂျင်ဘက်ကနေပြန်ဆက်သွယ်လာခြင်းမရှိခဲ့.. အခက်အခဲတခုကြောင့်ဖြစ်မှာပါလို့ နမ်ဂျွန်းနားလည်ပေးခဲ့တယ်.. အိမ်လိုက်လာမယ်လို့ပြောလိုက်တာကလည်း တမင်ခြိမ်းခြောက်ရုံသာ.. တကယ်လိုက်သွားလို့ ဆော့ဂျင်အတွက်ပြဿနာတခုခုဖြစ်လာမှာကိုလည်း သူမလိုလားပေ..။
YOU ARE READING
𝖸𝗈𝗎'𝗋𝖾 𝖬𝗒 𝖣𝖾𝗌𝗍𝗂𝗇𝗒 [✔]
Fanfictionယောက်ျားလေးတစ်ယောက်ဟာ မိန်းကလေးအဖြစ်ဟန်ဆောင်ပြီး လက်ထပ်လိုက်တဲ့အခါ.... × Jeon Jung Kook × Kim Seok Jin × Kim Nam Joon