🔸Pt.13

2.2K 255 103
                                    

ဆော့ဂျင်ပုံစံက သူပြောလိုက်မှာကို တကယ်ပင်ကြောက်နေသည့်ပုံစံပင်.. သူပြောလိုက်ရင် ဒီနေရာမှာတင်ဆော့ဂျင်ခွေလှဲသွားလောက်မလားပဲ... ဒီလိုနဲ့ပြောမထွက်ခဲ့ဘဲ နမ်ဂျွန်းထွက်လာလိုက်တယ်.. ။

နမ်ဂျွန်းမျက်နှာပေါ်မှာ ဒဏ်ရာတွေနဲ့ဆိုတော့.. အပြင်ကလူတွေကတော့ သူ့ကိုကွက်ကြည့်ကွက်ကြည့်လုပ်နေကြတယ်... ဒါပေမဲ့ ဘယ်လိုအကြောင်းကြောင့်ရန်ဖြစ်ရလဲဆိုတာတော့ ဘယ်သူမှမသိလောက်ပေ.. ။ နမ်ဂျွန်းကုမ္ပဏီကိုလည်း မပြန်တော့ဘဲ.. ကွန်ဒိုကိုသာ ပြန်လာခဲ့လိုက်တယ်..။

အခန်းထဲဝင်ဝင်ချင်း အိမ်အဝင်ဝမှာမိန်းကလေးဖိနပ်တရံ... မှန်းဆမိသလောက်တော့ ဒါယွန်းဖိနပ်ပဲဖြစ်လိမ့်မယ်.. ထင်တဲ့အတိုင်းပါပဲ ဧည့်ခန်းထဲမှာထိုင်ရင်း ဖုန်းကြည့်နေတာ..

"ဒါယွန်း.."

"ကိုကြီး.. မျက်နှာကဘာဖြစ်တာလဲ"

"ဒါယွန်း အိမ်ထဲဘယ်လိုရောက်နေတာလဲ.."

"ဟို.. ယွန်းကမထင်မှတ်ဘဲ ကိုကြီးPasswordနှိပ်တုန်းကကြည့်မိသွားတာ.. စိတ်မဆိုးပါနဲ့ ကိုကြီးနော်.."

ဟင်းးး

"ထားလိုက်ပါတော့ .. အခုက .. "

"ယွန်းကိုယ်တိုင်ချက်ထားတဲ့ အရံဟင်းတွေလာပို့ပေးတာပါ.."

"မပို့လည်းရတာကို.. အားနာစရာတွေဖြစ်ကုန်ပြီ"

"ရပါတယ်.. ကိုကြီးကလည်း.. သူစိမ်းတွေမှ မဟုတ်ဘဲ"

"အင်းပါ ကျေးဇူးတင်ပါတယ်.."

"ကိုကြီးဒဏ်ရာတွေဘယ်လိုရတာလဲ.. ဆေးထည့်ပေးပါ့မယ်.."

"ဒါယွန်းပြန်လို့ရပါတယ်... အကိုအခုနားချင်နေလို့"

"ဆေးထည့်ပေးပြီးမှ ပြန်မယ်နော်.."

TVစင်ပေါ်မှာ အသင့်ရှိနေတဲ့ ဆေးသေတ္တာအသေးလေးကိုယူလိုက်ရင်း ဂွမ်းတုတ်ပေါ်သို့အရက်ပြန်အနည်းငယ်စွတ်ပြိး နှုတ်ခမ်းထောင့်ပေါ်ထိကပ်လိုက်တယ်.. ဒဏ်ရာအနာကစပ်သွားတာ​ကြောင့် နမ်ဂျွန်းညည်းညူမိသွားတယ်..

အ့!..

"ဒဏ်ရာဘယ်လိုရလာတာလဲ.. တယောက်ယောက်နဲ့ရန်ဖြစ်လာတာလား"

𝖸𝗈𝗎'𝗋𝖾 𝖬𝗒 𝖣𝖾𝗌𝗍𝗂𝗇𝗒 [✔]Where stories live. Discover now