🔸Pt.15

2.3K 280 100
                                    

"ဆော့ဂျင်လေးပြန်ရောက်နေပြီ.. ဘာတွေဖြစ်လာတာလဲမသိဘူး.. ဒဏ်ရာတွေနဲ့.. တော်တော်လေးနေမကောင်းဖြစ်နေတာထင်တယ်..."

"ကျွန်တော်အခုလာခဲ့ပါ့မယ်.."

နမ်ဂျွန်းကအမြဲတမ်းဆော့ဂျင်ကိုလာစောင့်နေတတ်တော့.. အိမ်ရှင်အဒေါ်ကြီးကလည်း ဆော့ဂျင်ကိုတွေ့တာနဲ့ ဖုန်းလှမ်းဆက်ပေးတော့တယ်...။ နမ်ဂျွန်းအမြန်ပင်ကားသော့ဆွဲပြီးထွက်လာတော့တယ်.. ။

ဆော့ဂျင်နေတဲ့အခန်းရှိရာ ခေါင်မိုးထပ်ကို နမ်ဂျွန်းရောက်လာခဲ့တယ်.. တံခါးတချက်ခေါက်ကြည့်ပေမဲ့ ဘာတုံ့ပြန်သံမှမကြားတော့ စိုးရိမ်စိတ်တွေကြီးစိုးလာခဲ့တယ်.. နမ်ဂျွန်းတံခါးကိုခြေထောက်နဲ့ကန်ဖွင့်လိုက်တော့ ခိုင်ခံမှုမရှိတဲ့တံခါးဟာချက်ချင်းပွင့်သွားတော့တယ်.. ။

စောင်ပုံထဲတိုးအိပ်နေတဲ့ ဆော့ဂျင်အနားကိုတိုးကပ်သွားလိုက်ပြီး .. ခေါင်းအထိခြုံထားတဲ့စောင်ကို အရင်ဖယ်ရှားပေးလိုက်တယ်... ခေါင်းမှာပတ္တီးဖြူဖြူကနေရာယူထားပြီး မျက်နှာမှာလည်းညို့နေသေးတဲ့ဒဏ်ရာတွေကိုတွေ့လိုက်ရတယ်.. နှုတ်ခမ်းသားများမှာလည်း ဖြူဖတ်ဖြူရောဖြင့်....။

ဆော့ဂျင်ဘာကြောင့်ဒီလိုပုံစံဖြစ်လာရလဲဆိုတာကို ဘယ်သူမှမပြောလဲသူသိတယ်..။ ဂျောင်ဂုပုံစံက ဆော့ဂျင်ကိုတကယ်ချစ်တဲ့ပုံပေါက်တာကြောင့် အမှန်သိသွားရင်လည်း ဒီလောက်ထိလုပ်မယ်လ​ို့သူမထင်ထား... ထိရက်စရာတောင်မရှိတဲ့မျက်နှာလေးကို..~ နမ်ဂျွန်းစိတ်မကောင်းလွန်းလို့ မျက်ရည်ပါကျမိတယ်..။ နမ်ဂျွန်း ဆော့ဂျင်ရဲ့လက်ချောင်းလေးတွေကိုကိုင်ကြည့်မိတော့ ပူကျစ်တောက်နေတော့တယ်...။

"ဆော့ဂျင်..~ ဆော့ဂျင်!"

ဘာတုံ့ပြန်မှုမှပြန်မလာတော့ဘဲ သတိလစ်နေပြီဖြစ်တဲ့ဆော့ဂျင်ကြောင့် နမ်ဂျွန်းစိုးရိမ်လွန်လာတော့တယ်...။ အဒေါ်ကြီးသာဖုန်းမဆက်ပေးရင် သူဒီကိုရောက်လာလိမ့်မယ်မဟုတ်ပေ.. ဆော့ဂျင်ဟာနေမကောင်းဖြစ်နေတာကိ​ုသိရက်နဲ့ အသေခံဖို့များတွေးထားသလားပဲ..။ နမ်ဂျွန်း မိသားစုဆရာဝန်ကိုအမြန်ဖုန်းဆက်ခေါ်တော့တယ်..။

𝖸𝗈𝗎'𝗋𝖾 𝖬𝗒 𝖣𝖾𝗌𝗍𝗂𝗇𝗒 [✔]Where stories live. Discover now