အစည်းအဝေးစနေပြီဆိုပေမဲ့ ဆွေးနွေးချက်တွေ တင်ပြချက်တွေကို ဂျောင်ဂုဘာမှစိတ်မဝင်စားပေ... အပြင်မှာမိုးရွာနေပြီလားဆိုတာပဲသူသိချင်နေမိတယ်.. ထိုစဥ်ကြားလိုက်ရတဲ့မိုးခြိမ်းသံကြောင့် ဂျောင်ဂုထိုင်နေရာမှ ထရပ်လျက်သား...
"အစည်အဝေးဖျက်သိမ်းတယ်.. ငါမအားဘူး.."
"ဘာ... ဘာလို့လဲCEO.. projectကအဆင်မပြေလို့လား.."
ဘာမှမပြောသလို ဘယ်သူ့ကိုမှလည်းလှည့်မကြည့်ဘဲ အစည်းအဝေးခန်းထဲကနေခြေလှမ်းကျဲများဖြင့် အမြန်ထွက်သွားသောCEOက တကယ်နားလည်ရခက်ပါတယ်....။
**********
မိုးတွေရွာတိုင်းသတိရမိတာ ဆော့ဂျင်တယောက်တည်းကိုပဲ... မိုးခြိမ်းသံကြားတိုင်းလည်း ကြောက်တတ်တဲ့ဆော့ဂျင်က 'ဘယ်သူ့ရင်ခွင်ထဲပုန်းနေမလဲ'ဆိုတာတွေးမိတိုင်းလည်း နမ်ဂျွန်းသဝန်တိုမိပြန်တယ်..။
ဆော့ဂျင်ဆီကဖုန်းဝင်လာတော့ ချက်ချင်းပင်ဖုန်းကိုင်လိုက်မိတယ်... အကူညီလိုအပ်ချိန်မှာ အားကိုးတကြီးဆက်သွယ်လာတော့ စိတ်မှာကြည်နူးရတယ်.. တဖက်မှာဆော့ဂျင်ကိုစိုးရိမ်စိတ်ကပိုများတော့ နမ်ဂျွန်းကားအမြန်မောင်းပြီးထွက်လာခဲ့တယ်..
ဒါပေမဲ့သူ့ခြေလှမ်းတွေဟာ အနည်းငယ်နောက်ကျသွားသည်ထင်ပါရဲ့... သူ့အတွက်ရင်နင့်ဖွယ်မြင်ကွင်းကသာ ဆီးကြိုနေတယ်.... သူသာဒီထက်ပိုမြန်မြန်လာနိုင်ခဲ့ရင် ဂျောင်ဂုရဲ့နေရာမှာ သူဖြစ်နေမှာအတိအကျပါပဲ.. အခုတော့သူရောက်လာခဲ့ပါတယ်ဆိုတာ ဆော့ဂျင်ကိုတောင်အသိမပေးနိုင်တော့ဘဲ ထိုမြင်ကွင်းကိုကျောခိုင်းပြီး ထွက်လာခဲ့လိုက်တယ်...။
သူဖြစ်ရမည့်နေရာမှာ ဂျောင်ဂုဖြစ်သွားတာကြောင့် ဆော့ဂျင်တော့ပျော်နေလောက်မည်ထင်ပါရဲ့.... ထိုနေ့,ထိုအချိန်က မိုးရေစက်များနဲ့အတူ နမ်ဂျွန်းမျက်ရည်တွေကိုရောထွေးပစ်ခဲ့မိတယ်....။
**********
မိုးခြိမ်းသံရပ်သွားတော့မှ ဂျောင်ဂုဆော့ဂျင်နဲ့အတူကားပေါ်တက်လိုက်တယ်... အပြင်မှာတော့မိုးမတိတ်သေးပေ...။ သူကားမောင်းနေတုန်း မိုးခြိမ်းရင်ဆော့ဂျင်ကြောက်မှာစိုးလို့ ကားမောင်းနေရင်းလည်း ဂျောင်ဂုဆော့ဂျင်လက်ကိုဆုပ်ကိုင်ထားတယ်...
YOU ARE READING
𝖸𝗈𝗎'𝗋𝖾 𝖬𝗒 𝖣𝖾𝗌𝗍𝗂𝗇𝗒 [✔]
Fanfictionယောက်ျားလေးတစ်ယောက်ဟာ မိန်းကလေးအဖြစ်ဟန်ဆောင်ပြီး လက်ထပ်လိုက်တဲ့အခါ.... × Jeon Jung Kook × Kim Seok Jin × Kim Nam Joon