ဂျောင်ဂုရေချိုးပြီး ရုံးသွားဖို့အဆင်သင့်ဖြစ်သည်အထိ အိပ်ယာပေါ်ကမထသေးတဲ့ဆော့ဂျင်..။ မနက်ခင်းsexကို သူအတင်းလုပ်လိုက်မိလို့ထင်တယ် စောင်ပုံကြားထဲမှာတရှုံ့ရှုံ့အသံလေးကြားနေတော့ ဆော့ဂျင်ငိုနေမှန်းသူသိတယ်..။
"ထတော့ ငိုမနေနဲ့"
"........."
ဘာအသံမှာပြန်မလာဘဲ ငြိမ်နေသူအနားကိုလာပြီး ဂျောင်ဂုအိပ်ယာပေါ်တင်ပါးလွှဲထိုင်လိုက်ရင်း ဆော့ဂျင်လှုပ်နိုးလိုက်တယ်.. ဆော့ဂျင်စိတ်ဆိုးနေမယ်ထင်ပေမဲ့ သူမချော့တတ်ပေ.. မချော့တတ်တာထက် ချော့ရမှာရှက်တယ်ဆိုပိုမှန်ပါလိမ့်မယ်..။
"အိပ်ယာခင်းတွေထလျှော်အုံး.. ဆော့ဂျင်ထတော့"
"........"
"ထတော့! ငါအလုပ်သွားတော့မယ်.. အိမ်အလုပ်တွေလုပ်ထား.. ညစာလည်းချက်ထား.. ကြားလားဆော့ဂျင်"
"........"
"ငါသွားပြီနော်!"
ဆော့ဂျင်က သူ့တချက်တောင်လှည့်မကြည့်လာဘဲ သူ့ကိုကျောပေးထားရင်းသာ တဖက်လှည့်အိပ်နေတယ်.. ။ ဂျောင်ဂုဘာမှဆက်မပြောတော့ဘဲ အိပ်ယာပေါ်ကထပြီး ထွက်လာလိုက်တော့ ကုတ်အင်္ကျီကိုလှမ်းဆွဲတာတဲ့ လက်ချောင်းလေးတွေ..။
"အကို~"
"..........."
"ပွေ့ချီပေး~"
"ဘာ!"
"ငါက!""........."
အင်္ကျီကိုဆွဲလာတဲ့ဆော့ဂျင်ကို ဂျောင်ဂုငုံ့ကြည့်လိုက်တော့ မျက်ရည်စတွေရှိနေသေးတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့အကြည့်ချင်းဆုံတယ်.. ထိုမျက်ဝန်းလေးတွေကိုလျစ်လျူမရှုနိုင်တော့ ဂျောင်ဂုဆော့ဂျင်ကိုပွေ့ချီပေးလိုက်တယ်..။
ဂျောင်ဂုရုတ်တရက်ပွေ့ချီလိုက်မှ ဆော့ဂျင်အဝတ်မပါတဲ့ခန္ဓာကိုယ်ကိုသတိထားမိပြီး ရှက်စိတ်နဲ့စောင်စကိုအတင်းဆွဲထားမိတယ်..။
"အဲ့စောင်ကိုချထားလေ.. ဒီမှာပွေ့ချီပေးနေတာကို အနှောင့်အယှက်တွေ"
"ဟို.."
"အကုန်မြင်ထားပြီးသားတွေ.. အပိုမလုပ်နဲ့.. ဖယ်လိုက်!!"
![](https://img.wattpad.com/cover/327691454-288-k939682.jpg)
YOU ARE READING
𝖸𝗈𝗎'𝗋𝖾 𝖬𝗒 𝖣𝖾𝗌𝗍𝗂𝗇𝗒 [✔]
Fanfictionယောက်ျားလေးတစ်ယောက်ဟာ မိန်းကလေးအဖြစ်ဟန်ဆောင်ပြီး လက်ထပ်လိုက်တဲ့အခါ.... × Jeon Jung Kook × Kim Seok Jin × Kim Nam Joon