ပြဿနာဖြစ်ပြီးနောက်ပိုင်း ဒါယွန်းဆီကဖုန်းတွေဆက်တိုက်ဝင်နေပေမဲ့ နမ်ဂျွန်းမကိုင်ခဲ့ဘူး.. အကြိမ်ပေါင်းများစွာထပ်ခေါ်နေသေးတော့ ဒါယွန်းဖုန်းနံပါတ်ကို Blockထားလိုက်တယ်..။
ဒါယွန်းလည်း နမ်ဂျွန်းဘက်ကBlockလိုက်ပြီဆိုတာ သိတာကြောင့် စိတ်ပျက်လက်ပျက်ဖြင့်သာ အိပ်ယာထဲလှဲအိပ်နေလိုက်တော့တယ်.. နောက်ရက်တွေလည်းအိမ်အထိလိုက်သွားပေမဲ့ နမ်ဂျွန်းလုံးဝထွက်မတွေ့ခဲ့.. ။
"အမေ~"
"ဘယ်လိုလုပ်မလဲ.. ကိုကြီးကလုံးဝအတွေ့မခံဘူး..""ကိုယ့်ကိုမလိုတဲ့လူကိုဖက်တွယ်မနေနဲ့.. ဘာအကျိုးမှမရှိဘူး.. အမေနဲ့အတူတူအကျိုးရှိတာတခုခုလုပ်ရအောင်.."
"ဘာလုပ်မလို့လဲ.."
"ကဲ.. အခုအမေမေးတာအရင်ဖြေ.. ကင်မ်ဆော့ဂျင်ကိုအရှုံးပေးချင်လား.."
"ဟင့်အင်း.. သမီးကင်မ်ဆော့ဂျင်ကိုမုန်းတယ်.. သူကသမီးပိုင်တာယူထားတယ် ကိုကြီးကိုလေ..."
"ကင်မ်နမ်ဂျွန်းတယောက်ပဲမဟုတ်ဘူးလေ.. သူအခုရှိနေတဲ့ဂျွန်ဂျောင်ဂုဘေးကနေရာကလဲ သမီးနေရာပဲလေ.. သူကငါ့သမီးပိုင်တာအကုန်ယူနေတာကို အဲ့တိုင်းကြည့်နေမှာလား.. ကင်မ်နမ်ဂျွန်းကသမီးကိုမချစ်တာ အမေသိပြီးသား.. အခုတော့ အမေတို့လုပ်သင့်တာကိုလုပ်ရမယ်.. ဂျွန်ဂရုရဲ့ချွေးမနေရာယူဖို့ပြင်ထားတော့.."
"အမေ!!! သမီးကကိုကြီးကိုပဲလိုချင်တာ... ဂျွန်ဂျောင်ဂုကိုမဟုတ်ဘူး.."
"ဒါဆို ဆော့ဂျင်ကဂျောင်ဂုနဲ့လည်းပျော်နေပြီး နမ်ဂျွန်းနဲ့ပါဖောက်ပြန်နေတာကိုကြည့်နေမှာလား.. အဲ့လှေနံနှစ်ဖက်နင်းနေတဲ့အယောင်ဆောင်ကောင်ကို လွှတ်ထားပေးမှာလား.."
"အမေ.. တကယ်လို့သမီးကဂျွန်ဂျောင်ဂုအနားရောက်သွားရင် ဆော့ဂျင်ကကိုကြီးနဲ့အတည်ဖြစ်သွားမှာပေါ့ အဲ့လိုတော့မရဘူးလေ... သမီးကကိုကြီးကို..."
"ကင်မ်ဒါယွန်း!!!"
"ငါပြောတာ နင်နားမလည်သေးဘူးလား.. အဲ့ကိုကြီးဆိုတဲ့အသံမထွက်နဲ့.. ငါပြောတာနားထောင် ငါလုပ်ခိုင်းတဲ့အတိုင်းပဲလုပ်..! ပထမအကြိမ်တုန်းက ဆော့ဂျင်ကိုဟန်ဆောင်ခိုင်းမယ့်နင့်အကြံကို ငါလက်ခံပေးခဲ့သလိုပဲ.. အခုငါပြောတာကိုနင်လက်ခံရမယ်"

YOU ARE READING
𝖸𝗈𝗎'𝗋𝖾 𝖬𝗒 𝖣𝖾𝗌𝗍𝗂𝗇𝗒 [✔]
Fanfictionယောက်ျားလေးတစ်ယောက်ဟာ မိန်းကလေးအဖြစ်ဟန်ဆောင်ပြီး လက်ထပ်လိုက်တဲ့အခါ.... × Jeon Jung Kook × Kim Seok Jin × Kim Nam Joon