အလင်းရောင်ကြောင့် မျက်လုံးကစူးခနဲ.. ချက်ချင်းမဖွင့်နိုင်တော့ ဖြည်းဖြည်းချင်းဆီသာအားယူရင်း အမြင်အာရုံကိုရှင်းလိုက်တယ်... ကုတင်ပေါ်မှာခေါင်းတင်ထားရင်း အိပ်ပျော်နေတဲ့ဆော့ဂျင်.. နာကျင်ခဲ့ရသမျှပျောက်ကင်းသွားသလို ပါးချိုင့်များပေါ်သည်အထိပြုံးလိုက်ပြီး ဆော့ဂျင်ခေါင်းလေးသား ပွတ်သပ်လိုက်တယ်..။
အင့်~
"စီနီယာ! သတိရပြီလား.. ဆရာဝန်ခေါ်လိုက်အုံးမယ်"
"ကိုယ်အဆင်ပြေတယ် မခေါ်နဲ့"
"တကယ်သေချာရဲ့လား"
"အင်း.."
"တချိန်လုံးရှိနေပေးခဲ့တာလား""အင်း.. ကျနော်ကစီနီယာကိုတယောက်တည်းမထားခဲ့ပါဘူး.. ကျနော်တောင်းပန်ပါတယ်.. ကျနော့်ကြောင့်နဲ့ဖြစ်ရတာပါ..."
"မဟုတ်ပါဘူး.. ကိုယ်အပြစ်တွေလည်းပါပါတယ်.. ဒါယွန်းကကိုယ့်ကြောင့်နဲ့ မင်းကိုဒုက္ခပေးတာပါ.. အခုဒါယွန်းဘာဖြစ်သွားပြီလဲ"
"တာဝန်ရှိသူတွေက အရေးယူသွားလိမ့်မယ်.."
"အင်း.."
"ဒါနဲ့ ဂျောင်ဂုကဘာမှမပြောဘူးလား..""သူ့မှာပြောခွင့်မရှိပါဘူး.. ကျနော်နဲ့သူက ဘာမှမဆိုင်တော့ဘူး"
"ဟိုဓာတ်ပုံကြောင့်ဆိုရင် ကိုယ်တောင်းပန်ပါတယ်.. အဲ့နေ့ညက ကိုယ်တကယ်ပဲအခွင့်အရေးယူခဲ့မိတယ်... ဆော့ဂျင်အပြစ်မဟုတ်ဘူးဆိုတာကိုလည်း ကိုယ်ဂျောင်ဂုကို သေချာရှင်းပြလိုက်ပါတယ်.. သူအခုထိဆော့ဂျင်ကိုပြန်မခေါ်သေးဘူးဆိုရင် ကိုယ်ထပ်ရှင်းပြပေးပါ့မယ်"
"မဟုတ်ပါဘူး စီနီယာ.. သူလာတောင်းပန်ပါတယ်.. ကျနော်ကလက်မခံခဲ့တာ..."
"ဟမ်"
"ဟုတ်တယ် စီနီယာ... ကျနော်သူ့ဆီဘယ်တော့မှပြန်မသွားတော့ဘူး.. အဲ့ဓာတ်ပုံကိစ္စသိတာနဲ့ ကျနော့်ရှင်းပြချက်ကိုနားမထောင်ဘဲ အိမ်ကနှင်ထုတ်တာ.. ကျနော်ဒီလိုတွေပြန်တွေးမိတိုင်း နာကျင်ရတုန်းပဲ.. နောက်ထပ်မနာကျင်ချင်တော့လို့ သူ့အဝေးမှာပဲနေတော့မယ်.."
"ဆော့ဂျင်တွေးတာလည်းမှန်ပါတယ်.. သူလုပ်တာတွေကလွန်ပါတယ်.. ပထမဆုံးအကြိမ် မင်းကိုခေါင်မိုးထပ်မှာ သတိလစ်နေတဲ့အခြေအနေနဲ့တွေ့ခဲ့ရကတည်းက ကိုယ်သူ့ကိုဒေါသဖြစ်ခဲ့တာ.. ဆော့ဂျင်သူနဲ့ပြန်လိုက်သွားလို့ ကိုယ်ဘာမှမပြောခဲ့တာ.. ဘယ်လိုပဲဆုံးဖြတ်ပါစေ.. ဆော့ဂျင်အဆင်ပြေဖို့ပဲလိုတာပါ"
YOU ARE READING
𝖸𝗈𝗎'𝗋𝖾 𝖬𝗒 𝖣𝖾𝗌𝗍𝗂𝗇𝗒 [✔]
Fanfictionယောက်ျားလေးတစ်ယောက်ဟာ မိန်းကလေးအဖြစ်ဟန်ဆောင်ပြီး လက်ထပ်လိုက်တဲ့အခါ.... × Jeon Jung Kook × Kim Seok Jin × Kim Nam Joon