🔸Pt.21

2.7K 282 125
                                    

ကိုယ်ပေးလိုက်မိတဲ့အဖြေအပေါ်ပြန်လည်သုံးသပ်နေရင်း ဂျောင်ဂုတညလုံးအိပ်မပျော်နိုင်ခဲ့ပေ...။ မိုးလင်းခါးနီးမှအိပ်ပျော်သွားပြီး ဂျောင်ဂုနိုးလာတော့ အောက်ထပ်ကိုအမြန်ပြေးဆင်းလာတော့တယ်.။

စားပွဲပေါ်က အသင့်ပြင်ထားပေမဲ့ မနက်စာကြောင့် ဂျောင်ဂုပြုံးမိသွားပေမဲ့ မနက်စာဘေးက စာနဲ့အတူလက်ထပ်လက်စွပ်ကိုပါ ထပ်တွေ့လိုက်တာကြောင့် ဂျောင်ဂုအပြုံးတွေရပ်တန့်ကုန်တယ်..

"ဒီအတောအတွင်းနေခွင့်ပေးတာ ကျေးဇူးတင်ပါတယ် အကို~ ဂျင်ကိုသေချာတဲ့အဖြေတခုပေးလိုက်လို့လည်း ကျေးဇူးတင်ပါတယ်.. ဂျင်အကို့ကိုတကယ်မနှောင့်ယှက်တော့ပါဘူး.."

စာအဆုံးမှာတော့ ဂျောင်ဂုသက်ပြင်းချပြီး ခုံပေါ်ထိုင်ချလိုက်တော့တယ်.. ကိုယ့်ကိုယ်ကိုအထင်ကြီးပြီး ဂျင်တကယ်မထွက်သွားလောက်ပါဘူးလို့ ထင်နေခဲ့တာ.. ဒါပေမဲ့ ဂျင်တကယ်ထွက်သွားတာပဲ~... ခုချက်ချင်းပြန်လိုက်ခေါ်ဖို့က အဆင်သင့်မဖြစ်​သေးပေ..။

"Hello"

"ကင်မ်ဆော့ဂျင်ဘယ်မှာနေနေလဲ စုံစမ်းပေး.. အရင်နေရာပဲ့လားဆိုတာ သေချာချင်လို့"

"ဟိုလေ.. CEOတို့ပြေလည်သွားကြပြီမဟုတ်ဘူးလား.. ဘာဖြစ်လို့လဲ"

"အတွင်းရေးမှူးဟန်!! ပြန်မမေးနဲ့.. ခိုင်းတဲ့အတိုင်းလုပ်"

"CEOကလည်း စိတ်ကြီးပဲ"

********

Ring~ Ring~

ဧည့်ခန်းထဲဖုန်းမြည်သံကြောင့် ကင်မ်ဂျီအာတို့သားအမိနှစ်ယောက်မျက်နှာမှာ အပြုံးတွေဝေဆာလာတယ်.. အကြာကြီးစောင့်နေခဲ့တဲ့ အဘိုးဆီကဆက်သွယ်မှုဟာ တပတ်အကြာမှာရောက်လာခဲ့တယ်.. ။

"ကင်မ်ဂျီအာရှီ"

"မင်္ဂလာပါရှင် ဂျွန်လူကြီးမင်း.. ကျွန်မလည်းသတင်းကောင်းလေးစောင့်မျှော်နေတာပါ"

"သတင်းကောင်းတော့ မဟုတ်လောက်တော့ဘူးထင်ပါတယ်.. အားနာလိုက်တာ"

"ရှင်!"

"မြေးလေးက သူ့မှာချစ်သူရှိလို့ ဒါယွန်းလေးနဲ့လက်မထပ်နိုင်ဘူးလို့ပြောပါတယ်.. ကျွန်တော်အနေနဲ့တော့ မြေးလေးရဲ့ဆန္ဒကိုလိုက်လျောဖို့ပဲ တွေးထားပါတယ်.."

𝖸𝗈𝗎'𝗋𝖾 𝖬𝗒 𝖣𝖾𝗌𝗍𝗂𝗇𝗒 [✔]Where stories live. Discover now