အမေစီစဥ်ပေးသလို ဂျွန်ဂျောင်ဂုနဲ့လက်ထပ်ဖို့က အခုတော့မဖြစ်နိုင်တော့တာမို့ နစ်နာကြေးယူဖို့သာဆုံးဖြတ်ခဲ့ကြတယ်..။ ဒါပေမဲ့ဒါယွန်းကတော့ ကင်မ်နမ်ဂျွန်းကိုပဲရအောင်ယူနိုင်မယ့် အကြံဉာဏ်နည်းလမ်းများကိုသာတွေးတောနေမိတယ်..။
ကိစ္စတွေကစိတ်ညစ်စရာတွေချည်းပဲမို့ မေ့နိုင်လောက်တဲ့အထိသောက်ပြီးမှ ကလပ်ကနေ ညအချိန်မတော်ဒါယွန်းပြန်လာခဲ့တယ်.. လမ်းထဲကိုလမ်းလျှောက်ဝင်ရင်းမှ မထင်မှတ်ဘဲကင်မ်နမ်ဂျွန်းရဲ့ကားကိုတွေ့လိုက်ရတယ်.. ရပ်ထားတာကင်မ်ဆော့ဂျင်နေတဲ့ခေါင်မိုးထပ်ရဲ့အောက်မှာ..။
စူးစမ်းချင်စိတ်များကြောင့် ဒါယွန်းစိတ်မထိန်းချုပ်နိုင်ခဲ့.. ကိုကြီးဟုတ် မဟုတ် အတည်ပြုချင်မိခဲ့တယ်.. ဘာမှမတွေဝေနေတော့ဘဲ ဆော့ဂျင်နေထိုင်ရာခေါင်မိုးထပ်ဆီသူအရောက်လာခဲ့တယ်.. ။
ဝရံတာဘက်ကကွပ်ပျစ်ပေါ်မှာ ပြန့်ကျဲ့နေတဲ့ မက်ဂျူဘူးအခွံတွေကအရင်စီးကြိုနေတယ်... ခပ်ဟဟဖြစ်နေတဲ့အခန်းတံခါးကနေ ချောင်းကြည့်လိုက်တော့ မြင်ကွင်းကရင်ထိတ်စရာပင်..။ ကိုကြီး ဆော့ဂျင်အင်္ကျီကြယ်သီးတွေကိုချွတ်ပစ်နေတာ.. ပြီးတော့နှုတ်ခမ်းကိုနမ်းတယ်.. ထပ်ပြီးဗိုက်သားချပ်ချပ်ကိုပါထပ်ပြီးနမ်းတယ်...။ ဆော့ဂျင်ကလည်းငြိမ်ပြီးခံနေတယ်..။
ဒီညဘယ်အထိဆက်သွားမလဲဆိုတာ ဒါယွန်းခန့်မှန်းမိပါတယ်... သူအခုဝင်တားလိုက်ရင်လည်း ကိုကြီးဆူတာပဲခံရအုံးမည်.. အရင်တခေါက်ကိစ္စတောင်မှ ကိုကြီးကိုအသေတောင်းပန်ထားရတာ.. ဒါတောင်ကိုကြီးဘက်ကသူ့ကိုလုံးဝမခေါ်ပါ သူစိမ်းတယောက်လိုသာခပ်တန်းတန်းဆက်ဆံတယ်.. ကင်မ်ဆော့ဂျင်ကိုလုံးဝမကျေနပ်ပေမဲ့ သူအခုဝင်တားလိုက်ရင် အမုန်းခံရနိုင်တာကြောင့် ဒါယွန်းပြန်ပြီးလှည့်ထွက်လာလိုက်တယ်...။
နမ်ဂျွန်းဆော့ဂျင်ကိုနမ်းနေတဲ့ပုံကိုတော့ သူဓာတ်ပုံရိုက်ယူခဲ့တယ်.. သူကင်နမ်ဂျွန်းကိုအရယူတော့မှာမို့လို့ ကိုကြီးနဲ့ဆော့ဂျင်အတွက် နောက်တကြိမ်ဆိုတာဘယ်တော့မှရှိလာမှာမဟုတ်ဘူး...
**********
"ဟင့်~ အကို.. အကိုလား"
နမ်ဂျွန်းစိတ်တွေထိန်းချုပ်နိုင်စွမ်းမရှိ.. သတိလက်လွှတ်ပြုမူမိပြီးမှ ထိုအသံလေးကြောင့် အသိစိတ်ပြန်ဝင်လာခဲ့တယ်.. ။ မဖြစ်သင့် မလုပ်သင့်တာတွေ သူလုပ်မိတော့မလို့..။
YOU ARE READING
𝖸𝗈𝗎'𝗋𝖾 𝖬𝗒 𝖣𝖾𝗌𝗍𝗂𝗇𝗒 [✔]
Fanfictionယောက်ျားလေးတစ်ယောက်ဟာ မိန်းကလေးအဖြစ်ဟန်ဆောင်ပြီး လက်ထပ်လိုက်တဲ့အခါ.... × Jeon Jung Kook × Kim Seok Jin × Kim Nam Joon