"စီနီယာ~"
ဆော့ဂျင်ရဲ့အသံဖျော့ဖျော့လေးကြားလိုက်တော့ နမ်ဂျွန်း လပ်တော့ပေါ်ကအကြည့်တွေကို ဆော့ဂျင်ဆီပို့လိုက်တော့တယ်...
"ဘာဖြစ်လို့လဲ ဆော့ဂျင်"
"ကျနော်နေကောင်းနေပြီဆိုတော့ အိမ်ပြန်တော့မယ်.."
"နေကောင်းလည်းဘာဖြစ်လဲ.. ကိုယ့်အိမ်မှာပဲတသက်လုံးနေလေ"
"...... အဲ့လိုမသင့်တော်ပါဘူး.. ဂျင်အလုပ်ရှာရအုံးမယ် သွားတော့မယ်.."
"ဘယ်မှာမှသွားမရှာနဲ့ ကိုယ့်ကုမ္ပဏီမှာပဲအလုပ်ဝင်လိုက်လေ.. ကိုယ်စီစဥ်ပေးပါ့မယ်"
"စီနီယာ.. ကျနော့်ပညာအရည်အချင်းက အထက်တန်းအောင်ရုံပဲရှိတာပါ.. ကုမ္ပဏီကြီးမှာ ဘယ်လိုအလုပ်လုပ်ရမှာလဲ.. မဟုတ်မှလွဲရော... သန့်ရှင်းရေးဝန်ထမ်းလုပ်ခိုင်း..."
"မဟုတ်.. မဟုတ်ပါဘူး.. ဆော့ဂျင်ရယ်.. နေရာသေချာစီစဥ်ပေးမှာပါ.. ဆော့ဂျင်သာဆိုအထက်တန်းမအောင်ရင်တောင် ရတယ်... အလုပ်ကသင်လိုက်ရင်တတ်သွားမှာပါ.."
"လူပြောစရာတွေဖြစ်ကုန်ပါမယ်.. မဖြစ်ပါဘူး.. ကျနော်လက်မခံပါရစေနဲ့"
"ဒါဆိုလည်းဆော့ဂျင်သဘောပါပဲ.. အခုဘယ်ကိုသွားမလို့လဲ.. ကိုယ်လိုက်ပို့ပေးမယ်လေ"
"လိုက်မပို့ပါနဲ့တော့.. စီနီယာရဲ့စေတနာအတွက် ကျေးဇူးတင်ပါတယ်"
"ဘယ်အချိန်အဖြစ်ဖြစ်.. ဘယ်လိုအကူညီမျိုးပဲလိုလို.. ကိုယ့်ဆီသာလာခဲ့ပါ.. ကိုယ့်ဆီကိုပဲဖုန်းဆက်ပေးပါ.. ဆော့ဂျင်အခက်ခဲတွေ့တိုင်း ပထမသတိရမယ့်သူကကိုယ်ဖြစ်ချင်တယ်..."
"ဟုတ်ကဲ့ပါ.. စီနီယာ~"
စီနီယာအိမ်မှာနေနေတာ သုံးရက်ရှိသွားပြီဖြစ်ပြီး နေပြန်ကောင်းနေပြီဖြစ်တာကြောင့် ဆော့ဂျင်ထွက်လာလိုက်တော့တယ်.. သူလည်းအခုရှေ့ဆက်လုပ်ရမယ့်အရာတွေရှိသေးတယ်လေ.. အကြွေးတွေကြေသွားပြီဆိုပေမဲ့လည်း အလုပ်ကတော့ဆက်လုပ်ရမှာပဲ.. ။
စီနီယာက သူ့အပေါ်အရမ်းကောင်းပေးတာသူသိတယ်.. ဘာကြောင့်ကောင်းပေးလဲဆိုတာလည်းသိတယ်.. ဒါပေမဲ့သူစီနီယာကိုပြန်မချစ်နိုင်ပါ.. ဒါကြောင့်လည်းစီနီယာဆီကအကူညီယူရတာ အားနာနေမိတယ်.. ပြီးတော့ စီနီယာကိုမျှော်လင့်ချက်တွေပေးသလိုဖြစ်မှာလည်း စိုးရိမ်မိတယ်..။
YOU ARE READING
𝖸𝗈𝗎'𝗋𝖾 𝖬𝗒 𝖣𝖾𝗌𝗍𝗂𝗇𝗒 [✔]
Fanfictionယောက်ျားလေးတစ်ယောက်ဟာ မိန်းကလေးအဖြစ်ဟန်ဆောင်ပြီး လက်ထပ်လိုက်တဲ့အခါ.... × Jeon Jung Kook × Kim Seok Jin × Kim Nam Joon