"ဆော့ဂျင်.. ကြည့်ရတာတခုခုအဆင်မပြေတဲ့ပုံပဲ.. စိတ်ညစ်စရာတခုခုရှိလို့လား.. အစားလည်းသေချာမစားဘူး"
"ဒီတိုင်းစားမဝင်လို့ပါ.. ဘာမှမဖြစ်ပါဘူး.."
"ဆော့ဂျင်အပြင်သွားမလား.. စိတ်ပြေလက်ပျောက်ပေါ့"
"အင်း.. စီနီယာရောနေမကောင်းဘူးလား.. မျက်လုံးတွေနီရဲနေသလိုပဲ"
"တခါတလေဆိုအဲ့လိုပါပဲ"
.......
"စီနီယာ.. ဘယ်ကိုသွားနေတာလဲ"
ကားထဲကနေအပြင်ကိုငေးကြည့်နေရင်းက တစစပိုပြီးမှတ်မိလာတဲ့လမ်းကြောင်း....
"စီနီယာ!"
"ဟုတ်တယ်. .. ဆော့ဂျင်ထင်သလိုပဲ.."
"စီနီယာ.. ကားကိုပြန်လှည့်လိုက်ပါ.. ဂျင်သွားချင်တာအဲ့နေရာကိုမဟုတ်ဘူး.."
".........." သူ့ဘက်ကိုလုံးဝလှည့်မကြည့်ဘဲ ဦးတည်ချက်အတိုင်းသာရှေ့ဆက်နေတဲ့ စီနီယာ.. သိပ်မကြာခင်မှာပဲ အကို့အိမ်ရှေ့ကိုရောက်လာခဲ့ပြီ..။ စီနီယာကကားပေါ်ကဆင်းသွားပေမဲ့ ဆက်ပြီးတွေဝေနေမိသေးတဲ့သူဟာ အခုထိကားပေါ်တွင်သာ..
"ဆင်းလာခဲ့..."
"စီနီယာ.. အခုဘာလုပ်နေလဲဆိုတာသိရဲ့လား"
"သိတယ်.. ဆော့ဂျင်ပျော်ဖို့လုပ်ပေးနေတာလေ.. တွေဝေနေတဲ့ဆုံးဖြတ်ချက်အတွက် ကူညီပေးတာပါ.."
ဆော့ဂျင်မယုံကြည်နိုင်စွာ စီနီယာကိုမော့ကြည့်လိုက်တယ်.. ဘာလို့ဒီလောက်အထိလဲ?.. စီနီယာမျက်လုံးတွေရဲနေတယ့်အကြောင်းအရင်းကိုသူသိသွားခဲ့ပြီ.. ။
"စီနီယာ~"
"သွား.. ဆော့ဂျင်ရဲ့ပျော်ရွင်မှုက ဂျောင်ဂုဆီမှာပဲရှိတာပါ.. သူ့ဆီကိုပဲသွားပါ.."
"စီနီယာ့အပေါ်မျှော်လင့်ချက်တွေပေးပြီးမှ ကျနော်ကအခုလိုလွယ်လွယ်နဲ့ထွက်သွားလို့ဖြစ်ပါ့မလား.. ကျနော့်ကိုမကောင်းတဲ့သူဖြစ်အောင် လုပ်နေတာလား..."
"ကိုယ့်အနားမှာနေနေတယ်ဆိုတာ ကိုယ့်ကိုချစ်လို့မဟုတ်ဘဲ အားနာစိတ်နဲ့ဆိုတာ ကိုယ်သိထားပြီးသားပါ.. ဒီလိုတွေမတွေးပါနဲ့.. ကိုယ်အဆင်ပြေတာမို့လို့သွားပါ.."
YOU ARE READING
𝖸𝗈𝗎'𝗋𝖾 𝖬𝗒 𝖣𝖾𝗌𝗍𝗂𝗇𝗒 [✔]
Fanfictionယောက်ျားလေးတစ်ယောက်ဟာ မိန်းကလေးအဖြစ်ဟန်ဆောင်ပြီး လက်ထပ်လိုက်တဲ့အခါ.... × Jeon Jung Kook × Kim Seok Jin × Kim Nam Joon