🔸Pt.5

2.9K 290 33
                                    

ရုတ်တရက်ဆိုသလို ဂျင်ဂျင်က သူ့လက်ကိုဆွဲဖြုတ်ပြီး လမ်းလျှောက်နေရာကနေရပ်တန့်လိုက်တော့ သူစိတ်ပူသွားခဲ့တယ်.. လူများနေတော့ ဂျင်ဂျင်နေထိုင်မကောင်းဖြစ်လာတာထင်တယ်.. ဂျောင်ဂု ဂျင်ဂျင့်ပခုံးလေးကိုထိန်းကာကိုင်လိုက်တယ်..

"ဂျင်ဂျင်.. အဆင်ပြေရဲ့လား.. ခေါင်းမူးလို့လား"

"အွန်း.. နည်းနည်းပါ"

"ဒါဆို ကိုယ်နဲ့အတူအိမ်ပြန်ရအောင်ပါ.. ဂျင်ဂျင်နေမကောင်းဖြစ်သွားမှာ ကိုယ်မလိုလားဘူး.."

"ဂျင်အဆင်ပြေပါတယ်.. အကို့အလုပ်ကလည်းအရေးကြီးတာပဲလေ.. ဂျင်တကယ်အဆင်မပြေရင်ပြောလိုက်ပါ့မယ်.."

"ဟုတ်ပါပြီဗျာ"

သူပြောင်းထားတဲ့ပုံစံကိုယုံကြည်မှုရှိရှိချပြဖို့ ဂျင်စိတ်ကူးလိုက်တယ်..။ စီနီယာမမှတ်မိလောက်ပါဟု သူထင်မှတ်လိုက်သည်..။ စီနီယာနဲ့မတွေ့ဖြစ်တာ ၃နှစ်ကျော်လောက်ရှိတော့မည်.. စီနီယာကဒီလိုသူဌေးတယောက်ဖြစ်နေမယ်ဆိုတာလည်း သူမသိခဲ့ပါ.. ။

"မင်္ဂလာပါ.. ဂျွန်ဂျောင်ဂုပါ.."

"ဟုတ်ကဲ့.. ကင်နမ်ဂျွန်းလို့ခေါ်ပါတယ်.."

ပထမဆုံးတွေ့ဆုံခြင်းဖြစ်တာကြောင့် လက်ဆွဲနှုတ်ဆက်လိုက်တယ်.. နမ်ဂျွန်းသတိထားမိလိုက်တာက ဂျွန်ဂျောင်ဂုဘေးကမိန်းကလေးကိုပင် အသိတ​ယောက်နဲ့ရုပ်ဆင်နေသလို ခံစားလိုက်ရတယ်..။ ထို့နောက်ဂျောင်ဂုက တဆက်တည်းမိတ်ဆက်ပေးလာတယ်.. ။

"ဒါကကျွန်တော့်အမျိူးသမီးကင်မ်ဂျင်ဟီးပါ"

"ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်.."

"ဟုတ်ကဲ့.."

နမ်ဂျွန်း ဂျင်ဟီးဆီလက်ကမ်းပေးရင်းလက်ဆွဲနှုတ်ဆက်ဖို့ပြင်လိုက်တယ်.. ဒါပေမဲ့ ထိုလက်ကိုဆွဲယူကာ ကြားဖြတ်ဝင်နှုတ်ဆက်လိုက်သူက ဂျွန်ဂျောင်ဂုဖြစ်နေတာကြောင့် သူတမျိုးတော့ဖြစ်သွားရတယ်..။

တဖက်မိန်းကလေးကလည်း ဂျောင်ဂုကြောင့်အားနာသွားသည့်ဟန် သူ့ကိုပြုံးပြတယ်..။ ဒီလိုကြည့်လိုက်တော့မှ ကင်မ်ဆော့ဂျင်နဲ့တူနေတယ်ဆိုတာ သူတပ်အပ်သိလိုက်တယ်.. ။ ဒါပေမဲ့လည်းမဖြစ်နိုင်ဘူးလေ သူသိတဲ့ကင်မ်ဆော့ဂျင်ကယောက်ျားလေးလေ.. ဆော့ဂျင်နဲ့ဂျင်ဟီးကြားမှာတခုခုပတ်တသက်မှုများရှိနေမလားလို့သာ သူတွေးလိုက်မိတယ်.. ကြုံမှမေးကြည့်ရအုံးမယ်..။

𝖸𝗈𝗎'𝗋𝖾 𝖬𝗒 𝖣𝖾𝗌𝗍𝗂𝗇𝗒 [✔]Where stories live. Discover now