🔸Pt.4

3.1K 317 78
                                    

လက်ထပ်ပြီးတော့ အကို့အိမ်ကိုရောက်လာခဲ့တယ်..။ အဖိုးဖြစ်သူအိမ်မှာမနေဘဲ အကိုတယောက်တည်းနေတဲ့အိမ်​ဖြစ်တာကြောင့် သူအများကြီးအသက်ရှူချောင်သွားတယ်.. လူအများကြီးနဲ့ဆို သူ့ကိုယ်သူအတော်လေးထိန်းချုပ်နေရမှာ... ။

ဝတ်ထားတဲ့ဂါဝန်အဖြူကားကားကြီးကြောင့် အပေါ်ထပ်ကိုတက်ဖို့အတွက် လှေကားမှာအနည်းငယ်အခက်တွေ့နေတယ်..။

"ဂျင်ဂျင်~ ရရဲ့လား..."

"ဟို.. ဂါဝန်ကနည်းနည်းအဆင်မပြေဖြစ်နေလို့ပါ"

"ကိုယ့်လက်ကိုကိုင်ထားလိုက်လေ.. ဖြည်းဖြည်းတက်"

အကို့လက်ကိုကိုင်ပြီး အပေါ်ထပ်ကိုတက်လာလိုက်တယ်.. အခန်းတံခါးဖွင့်လိုက်တာနဲ့ ကုတင်ပေါ်တွင်အလှဆင်ထားတဲ့ပွင့်ဖတ်လေးတွေကိုတွေ့လိုက်ရတာကြောင့် အသိထဲမှာ မင်္ဂလာဦးညဆိုတဲ့ခေါင်းလောင်းတွေမြည်သွားတယ်..။ ဂျင်မျက်နှာလေးမှာနီရဲသွားတော့တယ်..။

"ဂျင် အဝတ်အစားလဲလိုက်တော့မယ်နော်.."

"ရေချိုးခန်းကဒီဘက်မှာ ဂျင်ဂျင်"

ကိုယ့်ပုံကိုမှန်ထဲကြည့်ပြီး လည်ဆွဲတွေ နားကပ်တွေအရင်ဖြုတ်လိုက်တယ်.. အဝတ်အစားလဲဖို့ရာ ကွက်တိကျနေတဲ့ဂါဝန်ကိုချွတ်ဖို့ အနောက်ကဇစ်ကိုမမှီမကန်းနဲ့လုပ်နေရတာ ဘယ်လို​မှအဆင်မပြေတော့ပေ..။ အကူညီ​တောင်းဖို့ကလည်း မဝံ့ရဲတာကြောင့် ကိုယ်တိုင်ပဲဇစ်ဖြုတ်ဖို့ကြိုးစားနေရတယ်..။

ရေချိုးခန်းထဲဝင်သွားတာကြာနေပြီမို့လို့ ဂျောင်ဂုအပြင်ကနေအသံပေးလိုက်တယ်..။

"ဂျင်ဂျင်~ အဆင်ပြေရဲ့လား"

"အဆင်ပြေပါတယ်.."

အကိုမေးလာတာကို အဆင်ပြေတယ်လို့ပြန်ဖြေလိုက်ပေမဲ့ ဘယ်လိုမှမပြေနေ.. နောက်ကိုမမှီဘဲလုပ်နေရတာ ချွေးတွေပါထွက်လာတော့တယ်.. သူကြိုးစားကြည့်ပေမဲ့မရတော့တဲ့အဆုံး ထိုဂါဝန်နဲ့ပင်အပြင်ထွက်လာလိုက်တယ်..။

"အကို~"

"ဂျင်ဂျင်.. ဘာဖြစ်လို့လဲ အဝတ်အစားလည်းမလဲရသေးပါလား.."

"ဟိုလေ.. ဂျင်ပြောရတာလည်းအားနာပါတယ်.. ဂါဝန်ကလေ အနောက်က.. ကူညီပေးလို့ရမလား"

𝖸𝗈𝗎'𝗋𝖾 𝖬𝗒 𝖣𝖾𝗌𝗍𝗂𝗇𝗒 [✔]Where stories live. Discover now