(🆉)
ဒီနေ့ ဆေးရုံက အလုပ်ရှုပ်တယ်လို့ပြောရမလား ယဉ်တိုက်မှုကြောင့် ရောက်လာတဲ့လူကအများအပြား...
ကျောင်းBusလို့ပြောရမှာပေါ့ ကျောင်းကိုသွားရင်း ကားကBreakကြိုးပျက်ပြီး အရှိန်ထိန်းမရပါဘူးဆို အရှေ့က ခွေးကလမ်းဖြတ်ကူးတော့ ရှောင်လိုက်ရာကနေ သစ်ပင်ကိုဝင်တိုက်မိတာတဲ့
အခုတိုက်တဲ့နေရာက လူသူနည်းတဲ့ တောလမ်းတစ်နေရာလေးမှာဖြစ်တာတဲ့လေ မြို့ထဲမှာဖြစ်ရင် ဘေးကလူတွေပါ ထပ်ထိခိုက်မိမှာ...
ကျောင်းသူကျောင်းသားလေးတွေကိုကြည့်ရင်း စိတ်မကောင်း သူတို့ကငယ်သေးတယ်လေ ပညာရှာဖွေနေရတဲ့အချိန် ဒီလိုမတော်တဆဖြစ်တော့ သူတို့လည်း စိတ်အားငယ်ရတဲ့အပြင် မိဘတွေကလည်း စိတ်တွေပူပြီး ရူးမတတ် ခံစားနေရတာ..
နှလုံးကို တစ်ယောက်မှမထိခိုက်တာကြောင့် Taehyungတို့က အားနေတယ်ပြောရမယ်...။
လူတွေရှုပ်ရှက်ခက်ပြီး အလုပ်ရှုပ်နေတာကို ကြည့်နေစဉ် တွေ့လိုက်ရတဲ့ တစ်ဇွတ်ထိုးလူကြီး ဒီလူအခုထပ်ထိကိုလက်မလျော့သေးဘူး...
ဝတ်ပုံစားပုံက အရင်ကလို Company suitနဲ့မဟုတ်ပဲ လူငယ်လိုလွတ်လွတ်လပ်လပ်ဝတ်ထားသည်။
Hoddieအနက်ရောင်နဲ့ ဂျင်းအပြာအကျပ်က ထိုလူရဲ့မျက်နှာနဲ့ လိုက်ဖက်သလို...ဘာဝတ်ဝတ်မိုက်နေတာတော့ ဝန်ခံသည်။
တောင့်တင်းတဲ့ ပေါင်ကြွက်သားကိုတွေ့တော့ လူကရှိန်းတိန်းတိန်းနဲ့ ဒီလူနဲ့ကြမှငါလည်း ရှက်နေရတာပဲ...
အချေပီပီ မျက်နှာမှာတော့ ထုတ်မပြ...
သူ့အနားရောက်တော့ ရှုပ်ယှက်ခက်နေတဲ့ လူတွေကို တစ်ချက်ကြည့်ကာ ဂျောင်ကုက ဆိုလာသည်။
"ထယ် လူတွေရှုပ်နေတာပဲ ဘာဖြစ်နေကြတာလဲ?"
"ယဉ်တိုက်မှုဖြစ်တာလေ ကျောင်းကားတဲ့ ကျောင်းသူကျောင်းသားတွေ ထိခိုက်ကုန်ကြတာ"
"အော်...ထယ်ကတော့ အားတယ်မလား?"
"ကျွန်တော်အားပေမဲ့လည်း လိုအပ်ရင် ကူညီပေးရမှာပေါ့"
"အွန်း ဒါနဲ့-"
"Doctor. Kim ကျေးဇူးပြုပြီး ကူညီပေးပါဦး ကျောင်းသားတွေက အယောက်30လောက်ရှိတော့ အကူအညီလိုအပ်တယ်..."
YOU ARE READING
Hey Doctor{Completed}
FanfictionJk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်မယ်" Jk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်...