(🆉)
ပွဲမပြီးခင် အရေးကြီးဧည့်သည်တွေကို လိုက်နုတ်ဆက်ကြသည်။
"ဂုဏ်ယူပါတယ်နော် CEO.Jeon "
ကမ်းပေးလာတဲ့ ချွဲမင်းဂျယ်လက်ကို အလိုက်တသိ ပြန်နုတ်ဆက်လိုက်ကာ ဟန်ဆောင်အပြုံးနှင့် ပြန်ပြောလိုက်သည် ။
"ကျေးဇူးပါဗျာ "
"အလှလေးကို ရထားတာပဲ တွေ့ရတာဝမ်းသာပါတယ် "
Taehyungဖက်ကမ်းပေးလာတာမလို့ ပြုံးလိုက်ကာ ပြန်နုတ်ဆက်ဖို့လုပ်တော့ သူ့လက်ကိုဆုပ်ကိုင်လိုက်တဲ့ Jungkookရယ်
"Sorryပါ ဒါလေးကိုတော့ မလုပ်ပါနဲ့ဗျာ "
အဓိပ္ပါယ်ပါပါပြောတဲ့စကားမှာ ကြောင်တောင်တောင်ဖြစ်သွားသော ထိုလူ
Taehyungကလည်း နားမလည်...
"ခင ခင်ဗျာ ဘာကို ဆိုလိုတာလဲမသိ "
ဟန်ဆောင်ကာ ယုန်သူငယ်လိုပြုမူနေသည့် လူကိုကြည့်ပြီး Jungkookဟက်ခနဲရယ်မိတယ်...။
"ကျွန်တော်က ဒီအတိုင်းပြောလိုက်တာပါ သူဌေးချွဲက ဘာသဘောပေါက်သွားလို့လဲမသိဘူး?"
"အာ...ဘာမှမဟုတ်ပါဘူး "
"Nae ဒါနဲ့ ခွင့်ပြုပါဦး ကျန်တဲ့သူတွေကို လိုက်နုတ်ဆက်ရမှာမလို့"
"ဟုတ်ကဲ့ပါဗျာ "
ထိုလူနားနေထွက်လာပြီး တခြားဧည့်သည်တွေကို လိုက်နုတ်ဆက်နေလိုက်တယ် ၊ ချစ်ရတဲ့ ချစ်ခင်ပွန်းလေးကိုလည်း တစ်စိမ့်စိမ့်ကြည့်ရင်းပေါ့
တကယ်ပါ ကျွန်တော့်ယောကျာ်းလေးက ကမ္ဘာမှာ အလှဆုံး ဒီညမင်္ဂလာဦးညမှာ ကျွန်တော်ကိုယ်တိုင်ထိုးထားပေးတဲ့ Tattoo လေးကိုတစ်ဖွဖွနမ်းမယ် ပွတ်သပ်ရင်း ချစ်ရည်လူးရမဲ့ ပုံကိုတွေးကြည့်မိတော့ မျက်နှာက ထိန်းမရသိမ်းမရပြုံးနေမိတာ ။
တစ်ချက်တစ်ချက် အနောက်ကိုမသိမသာကြည့်ပြီး တင်ပါးမို့မို့ကိုငမ်းရသည်မှာလည်း အမော...
ကျွန်တော် တကယ်ရူးနေပြီ Jeon Taehyungကြောင့် ။
တစ်ဖက်က ချွဲမင်းဂျယ်ကတော့ မဲ့ပြုံးတစ်ခုကိုဆင်မြန်းကာ မျက်လုံးနဲ့ သူ့လူတွေကို အချက်ပြလိုက်သည်။
YOU ARE READING
Hey Doctor{Completed}
FanfictionJk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်မယ်" Jk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်...