(🆉)
ဟိုတစ်ခါတုန်းကလိုမျိုး Jungkookကပေါ်မလာခဲ့ဘူး
အရင်တစ်ခါက တစ်ပတ်လောက် ကျွန်နော်နေမထိထိုင်မသာဖြစ်ခဲ့တယ်ဒါပေမဲ့ အခုနှစ်ရက်ထဲနဲ့ ကမ္ဘာကြီးပျက်နေသလို ခံစားနေရသည်...။
ဒူးထောက်ပြီးတောင်းပန်မှာမလို့ ပြန်လာခဲ့ပါ Jungkook
အကုန်ရှင်းပြမှာမလို့ ထယ့်အနားကနေထွက်မသွားပါနဲ့ ကျေးဇူးပြုပြီး...။
မနေ့ကလည်း Jungkookအပြန်လာကိုစောင့်နေရင်းနဲ့ပဲ အိပ်ပျော်သွားခဲ့တာ ။
ဒီနေ့လည်း Jungkookကိုစောင့်နေဆဲပဲ ထမင်းလည်း မစား ဆေးလည်းမသောက်တော့ လူကပိုဖျားလာပြီး ဘာမှမလုပ်ချင်မကိုင်ချင်တော့...
အခုချိန်မှာ နွေးထွေးတဲ့ရင်ခွင်တစ်ခုထဲမှာပဲနေချင်တာ အဲ့တာကလည်း Jungkookပဲ ၊ Jungkookဆီမှာပဲရှိတာ
ဆိုဖာပေါ်မှာစောင်ပါးလေးနဲ့ပဲ လှဲနေရင်း ဖွင့်ထားတဲ့ တံခါးမကြီးဆီပဲ အကြည့်ကိုပို့ထားတယ် တိတ်ဆိတ်နေတဲ့အိမ်ကြီးမှာ Jungkookဝင်လာဖို့မပြောနဲ့ ယင်ကောင်တောင်ဝင်မလာပါ...
ငိုရလွန်းလို့လည်း ဆိုဖာပေါ်မှာ ရွှဲနေလေပြီ ဒီပေါ်မှာပဲ သူနဲ့Jungkookနဲ့ဆက်ဆံခဲ့ကြသေးတာပဲလို့ အတွေးဝင်လာတော့ ရှက်ရသလို ကြည်နူးရပြန်သည်။
နေ့လည်ခင်း...
ခြောက်သွေ့နေတဲ့ လေပြေကပဲတိုးဝင်လာတယ် လုံးဝမလှုပ်နိုင်ပဲ ခေါင်းတွေကိုက်နေပြီ ။ဒါပေမဲ့ အားတင်းထားရမယ်
စောင့်မျှော်နေရင်းနဲ့ပဲ Jungkookနဲ့စတွေ့ခဲ့တာကို ပြန်စဉ်းစားနေမိသည်။
ရုတ်တရက်ကြီး Operation အခန်းရှေ့မှာ ကျွန်တော့်ကိုရည်းစားစကားဖွင့်ပြောခဲ့တာ...
ဘာတဲ့ "နှလုံးခုန်နေလို့လာပြတာတဲ့"
တကယ့်ကို အရူးပါဆိုအဲ့တုန်းက ကျွန်တော် တော်တော်ဒေါသထွက်ခဲ့တယ်ထင်တယ်
ကိုယ်ကတော်တော်ချေခဲ့တာပဲလို့တွေးတော့ ရယ်မိသေးတာ...
ဒုတိယနေ့ကြတော့လည်း သူ့ရဲ့First Kissကိုယူသွားပြန်သည့်
ကိုက တကယ့်ကိုလူဆိုး...
YOU ARE READING
Hey Doctor{Completed}
FanfictionJk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်မယ်" Jk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်...