(🆉)
Jungkookဦးလေးမှ ပြောလိုက်တဲ့ စကားကြောင့် Taehyungတုန်လှုပ်သွားသလို Jungkookလက်မောင်းကို အားကိုးတစ်ကြီး ဆုပ်ကိုင်ပြီးသား...။
Jungkookကလည်း ကျွန်တော့်လက်ကိုပြန်ဆုပ်ကိုင်ကာ သူ့ဦးလေးအား နဲနဲမှ မကြောက်လန့်ဘူးဆိုတဲ့ အကြည့်နဲ့ပြန်ကြည့်သည်။
"ကျွန်တော် ထယ်နဲ့လုံးဝမခွဲပေးနိုင်ဘူးနော် "
"အဟက် ငါမေးမယ် ဟိုကောင်လေး ငါ့တူနဲ့ မင်းကွာပေးရမယ်ဆိုရင်"
"ဘာလို့လဲ?"
ရုတ်တရက်ကြီး တည်တည်ငြိမ်ငြိမ်ပြောလိုက်တဲ့ Taehyungကြောင့် Jungkookအံ့သြသွားတာတော့အမှန်...။
အမူအရာက စောစောကလို စိုးရိမ်တုန်လှုပ်နေသည့်ပုံမဟုတ်ပဲ ချက်ချင်းပြောင်းသွားတာ ။
"ကျွန်တော်က ကျွန်တော့်ယောကျာ်းနဲ့ ဘာလို့ကွာပေးရမှာလဲ ဘာတွေချို့ယွင်းနေလို့လဲ?ယောကျာ်းလေးဖြစ်နေလို့လား?ဒါမှမဟုတ် ကလေးမမွေးပေးနိုင်လို့လား?"
"ထယ် "
Jungkook စိုးရိမ်စွာခေါ်တော့ Jungkookကိုတည်ငြိမ်စွာကြည့်နေတဲ့ Tae
ယောကျာ်းအသာနေဆိုတဲ့ ပုံစံJungkook အခုနှလုံးခုန်နှုန်းတွေမြန်နေတယ်ဆိုတာ အခုထယ်ရဲ့ စစတွေ့တုန်းက ပုံစံမျိုးတွေ့နေရတာမလို့ ။
"ဒါကတော့ လွယ်ပါတယ် အခုခေတ်ကဘာခေတ်မို့လို့လဲ ပြီးတော့ ကျွန်တော်ကဆရာဝန်တစ်ယောက် အကုန်သိတယ် ဆေးပညာနဲ့ပတ်သက်ပြီး ကျွန်တော်ကဘာချို့ယွင်းနေလို့လဲ? ဟမ်? ကျွန်တော်နှစ်ယောက်ရဲ့ဘဝမလို့ မဆိုင်တဲ့သူတွေဝင်ပါတာ လုံးဝမကြိုက်ပါဘူး! တားဆီးမဲ့သူက ဘာကြီးပဲဖြစ်နေဖြစ်နေ လုံးဝလမ်းခွဲပေးမှာမဟုတ်ဘူး ကျွန်တော့်ယောကျာ်းကိုချစ်တယ် ကျွန်တော့်ယောကျာ်းနဲ့လုံးဝခွဲခွာသွားမှာမဟုတ်ဘူး! ပြီးတော့ "
ထွက်နေတဲ့ ဒေါသကို ခဏထိန်းလိုက်ကာ မတ်တပ်ရပ်လိုက်ပြီး သူ့ယောကျာ်းလက်ကိုဆွဲကာ ပြောလိုက်သည် ။
"ဦးလေးကိုပြောရမှာ အားနာပေမဲ့ လင်မယားကြားမှာ လုံးဝ ဝင်မရှုပ်ပါနဲ့ ဒါဆို ပြန်ခွင့်ပြုပါဦး..."
YOU ARE READING
Hey Doctor{Completed}
FanfictionJk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်မယ်" Jk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်...