(🆉)
မနက်ဝေလီဝေလင်းအချိန် နိုးထလာသည့် Taehyung...
အသက်ရှူကြပ်သလိုခံစားရတာမလို့ မျက်လုံးဖွင့်ကြည့်တော့ သူ့တစ်ကိုယ်လုံးနဲ့တက်ဖိကာ ဖက်ထားတဲ့ Jungkook...
မှောက်လျက်အိပ်နေတာမလို့ ကျွန်တော့်ကျောပေါ်မှာ မှောက်အိပ်ပြီး အိပ်ပျော်နေတဲ့ Jungkookရယ်
ကျွန်တော့်ခန္ဓာကိုယ်သေးသေးလေးဟာ Jungkookကြွက်သားတွေအောက် နှစ်မြုပ်နေတာ ။
အဝတ်မဲ့နေတာကြောင့် အတွင်းထိထိခံစားရသည့် အသားအရည်များ ၊ နွေးထွေးပြီးနူးညံ့တဲ့ အသားအိအိတို့ကြောင့် အလွန်နှစ်သက်ရသည်။ထို့ကြောင့်လည်း
သူတို့အချစ်ရည်မလူးရင်တောင် ညတိုင်းလိုလို အကျီချွတ်ပြီးအိပ်ကြတာလေ ၊"အား...လေးလိုက်တာ"
တကယ်ပင်လေးပါသည်။လူလည်း အရိုးတွေကျိုးတော့မယ် တက်ဖိထားတာ...
တွန်းသော်လည်း လက်လေးတောင် ရွေ့မသွား...
"အား ကယ်ကြပါ ဒီမှာ လူကို ဖိသတ်နေလို့"
အတင်းရုန်းတော့မှ Umm~ဆိုကာ ညည်းပြီး အပေါ်ကနေ ဖယ်ပေးသည်။မျက်လုံးကတော့ မဖွင့်သေး
ကုန်းရုန်းထတော့ ဆစ်ကနဲ နာသွားတဲ့ အောက်ပိုင်း...
"အာ့...နာလိုက်တာ...မသာကြီး သူမခံရတိုင်း"
အပြောနဲ့အတူ လက်က ကျောပြင်ကို ရောက်ပြီးသား...
ဖြန်း!!!
"အာ့..."
ခနဲတစ်ချက်ပဲအော်ပြီး မှောက်လျက်အိပ်သွားပြန်သည်။
မနေ့က ရေချိုးခန်းထဲမှာ ချစ်ပြီးတော့ မဝသေးဘူးဆိုကာ အိပ်ရာပေါ်မှာ ထပ်ပြီးချစ်ခဲ့ကြခြင်း...
မြင်နေရတဲ့ ကျော်ပြင်ကျယ်ကျယ်ကြီးက အားကိုးချင်စရာ...
မနေ့က ကုပ်ထားတာကြောင့် လက်သည်းယာနဲနဲက ထင်နေသေးတာ...။အိပ်ရာဘေး အံဆွဲထဲက လိမ်းဆေးလေးကိုယူပြီး Jungkook ခါးပေါ်တက်ထိုင်လိုက်ကာ ဆေးလိမ်းပေးနေမိသည်။
Jungkookအိပ်နေရင်း ကျောပြင်မှ စပ်ဖြင်းဖြင်းခံစားချက်နဲ့အတူ ပူခနဲခံစားချက်ကြောင့် နိုးလာခဲ့သည်။
YOU ARE READING
Hey Doctor{Completed}
FanfictionJk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်မယ်" Jk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်...