(🆉)
ညဘက်မီးရောင်စုံအောက်မှာ ကနေတဲ့သူမ...
Clubဆိုသည်မှာ မကောင်းတာတွေစုဝေးရာနေရပ်...အပျော်ရှာချင်တဲ့သူတွေကတော့ သာသာယာယာနဲ့လာပျော်မွေ့နေတတ်သည်။က လို့ပြီးသွားတော့ ကိုယ့်နေရာကိုပြန်ထိုင်ကာ ဘီယာတစ်ခွက်ကို စိတ်ပြေပြေနဲ့ သောက်နေလိုက်သည်။
သူမက...မီဟယ်...
စိတ်ပြေပြေသောက်နေရင်း Jeonအကြောင်းစဉ်းစားမိတယ် ၊ သူ နောက်ကျနေခဲ့ပြီလား?ဟင့်အင်း ဝေးသေး ဟက် ဘာကိုနောက်ကြရမှာ...
Doctor.Kimက ယောကျာ်းလေးဆိုပေမဲ့ သူမတူတဲ့အလှ တစ်နည်း မိန်းကလေးတွေလို သိမ်သိမ်မွေ့မွေ့နဲ့နူးနူးညံ့ညံ့လေး
ဘာမှပြောစရာမရှိ...မဆန်းပါဘူး...Jeonသဘောကျတာ...အခုချိန် သူတို့နှစ်ယောက် ဘာပဲပတ်သက်နေနေ စိတ်မဝင်စားဘူး
အဓိကက သူတို့နှစ်ယောက်က လုံးဝမဖြစ်နိုင်ဘူး မဖြစ်အောင်လည်း သူ မရ ရအောင် တားမှာ နည်းလမ်းပေါင်းစုံနဲ့...။
အတွေးတွေနဲ့ ယောက်ယက်ခက်နေတုန်း သူ့ရှေ့မြင်ကွင်းမှာ မြင်နေရတဲ့ လူနှစ်ယောက်...
တစ်ယောက်က သူဌေးဖြစ်မည်။နောက်တစ်ယောက်က ဒီဆိုင်က ရာထူးကြီးတဲ့သူဖြစ်လိမ့်မည်။တိုးတိုး တိုးတိုးနဲ့ပြောနေကြပြီး..
သူဌေးလက်ထဲကိုထည့်ပေးလိုက်တဲ့ ဆေးပြားလေးတွေ..."အဟက်..."
သူအဲ့တာကို မြင်၍ အကြံရသွားပြီ...
ခြောက်ကပ်ကပ်ရယ်ကာ...မဲ့ပြုံးတစ်ခုကိုသာဆင်မြန်းလျက်..
"စိတ်မပူနဲ့Jeon မကြာခင်မှာ မီဟယ်တို့ အမျိုးတော်ရတော့မှာ ဟားဟား"
မကြာခင်မှာပဲ ဆေးရုံမှာ မင်္ဂလာသတင်းကြားရတော့မယ် ထင်ပ...မီဟယ်ရဲ့ မင်္ဂလာဆောင်လေ
...
ဒီနေ့က Jeon Jungkookကြီး စိတ်ကောက်တဲ့နေ့...
Taehyung အလုပ်နားနေသည့်အချိန် ပျင်းတာကြောင့် Nurseကောင်လေးတွေနားသွားကာ ဆေးကြောင်းဆိုင်ရာတွေပြောနေခြင်း။
Jungkookမှာအလုပ်ရှုပ်နေခြင်းကြောင့် သွားအပူမကပ်ပဲ အာလူးလာဖုတ်နေတာ...အစက ဟုတ်ပေမဲ့ နောက်မှ စားသောက်ဆိုင်က ဘယ်နားကောင်းတဲ့အကြောင်းတွေပါလာတော့ ခေါင်းကို ထိုကောင်လေးတွေနားကိုငုံ့ချကာ နားထောင်ဖြစ်သည်၊
အကုန်လုံးရဲ့ခေါင်းက တန်းစီနေကာ ခေါင်း4လေးခေါင်းဆိုင်နေခြင်း...။
YOU ARE READING
Hey Doctor{Completed}
FanfictionJk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်မယ်" Jk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်...