Epi-13

5.4K 235 28
                                    

(🆉)

ကြားလာတဲ့စကားတွေကိုသာ အထပ်ထပ်ကြားယောင်ရင်း ခြေဗလာနဲ့ပြေးလာခဲ့မိသည်။

မျက်ရည်တွေဟာလည်း ဒလဟော ကျဆင်းလို့ ။

မဟုတ်ဘူး မဟုတ်ဘူးမလား ကျွန်​တော်ချစ်တဲ့Jungkookက ဒီလိုလုပ်မှာမဟုတ်ဘူး ငါ့ကိုJungkookကဘယ်လောက်တောင်မှချစ်လိုက်လဲ...။

မဟုတ်တာတွေ သံသယမဝင်ရင်ကောင်းမယ်။

တစ်နေရာရောက်လို့ မော့ကြည့်မိတော့ Bright Hotelတဲ့ ဒါလည်း Jungkookပိုင်တဲ့ Hotel။

အထဲဝင်တော့ ဝန်ထမ်းတွေက ထူးဆန်းသလိုကြည့်လာကြသည်။

ကောင်တာကဝန်ထမ်းကောင်မလေးကို အလောတစ်ကြီးမေးလိုက်မိပြီး မောလွန်းတာကြောင့် ချွေးထွက်ကာ အသက်လုရှူနေရတာ။

ရင်တွေပူနေတာ ကျွန်​တော်သာအသိဆုံး။

"ဟို ဒီHotelပိုင်ရှင် CEO.Jeonဝင်သွားတဲ့အခန်းနံပါတ်လေးတစ်ချက်လောက်ပါ"

"ဒီကမိတ်ဆွေရှင့် အားတော့နာပါတယ် Personal ဖြစ်တာကြောင့် ပြောပြလို့မရပါဘူး"

"ပြောလို့ပြောနေတယ်လေ!ငါကသူ့ချစ်သူပဲလို့ ပြော!"

ထိုအခါကောင်မလေးကလည်း ကြောင်တောင်တောင်ဖြစ်သွားပြီး စဉ်းစားသလိုပြောလာလေသည်။

ထိုအပြောကြောင့် ရင်ကပိုတောင် ပူလောင်လာတာ။

"ရှင်? ဟုတ်လား ဒါပေမဲ့ စောစောက CEOက တခြားကောင် ကောင်မလေးနဲ့-"

"ငါပြောတာနားလည်လား?အခန်းနံပါတ်ပြော!"

"Nae...101ပါ..."

"သော့အပိုရှိလား?"

"ဟုတ် ရှိပါတယ်"

"ပေးအခု!"

"ဟုတ် ဒီမှာပါ"

သော့ကိုဆွဲယူခဲ့ပြီး အခန်း101ကိုတက်လာခဲ့သည်...။

"အဟင့် Jeon Jungkook ခင်ဗျားကြီး ဖောက်ပြန်ရင် သေဖို့သာပြင်ထား...အီး"

လမ်းတစ်လျှောက်လုံးက ကိုယ့်ကိုနှာခေါင်းရှုံ့ပြီးကြည့်နေတာကိုလည်း ဂရုမစိုက်အား လူတစ်ယောက်စနှစ်ယောက်စကတော့ သိကြတယ် ဆရာဝန်ဆိုတာကို...။

Hey Doctor{Completed}Where stories live. Discover now