(🆉)
"အင်း ကို အာ့..."
ဒီနေ့ မြို့ထဲလည်ပတ်ပြီး ကစားကွင်းသွားရန် Jungkookကိုပြောရမည်။
ဒါပေမဲ့ အခုတော့ ကိုယ်က သူ့လက်ထဲကနေ မလွှတ် အရမ်းနာလာလေပြီ...
"ကိုရာ တက်ဖိထားပြန်ပြီလား?အာ့ "
ဟုတ်တယ် Jungkookကိုနိုးနေတာကို မထသေးပဲ သူ့ကိုအတင်းကြပ်ဖက်ပြီး တက်ဖိထားပြန်တာ...
"ထတော့လို့ ကိုရေ ဒီနေ့ ကစားကွင်းသွားကြမယ်လို့..."
Jungkookကတော့ သူ့အောက်ကကောင်လေးကို အသည်းတစ်ယားယား...
Taehyungအားကုန်သုံးကာ တွန်းလိုက်ပြီး ထထိုင်လိုက်သည်။
အခုမှပဲ သက်ပြင်းချရုံရှိသေး သူ့ကိုပြန်ဆွဲချကာ ခြေထောက်နဲ့ပါ တက်ခွထားပြန်တဲ့ CEOရယ်"Jeon Jungkook shii ကျွန်တော် သေတော့မယ်လို့ "
"အွန်း...ရွှတ် ရွှတ်"
လူကိုတစ်ရွှတ်ရွှတ်နမ်းကာ သိမ်းကြုံးဖက်ထားပြန်တာ ။ ကျွန်တော်ဒီလိုနဲ့ နံပြားဖြစ်တော့မှာ မဟုတ်ဘူးလား ။
"ဟူး Jungkook shii ကျွန်တော်တို့ လက်ထပ်ပြီးသွားရင် ထယ်တစ်စစီဖြစ်သွားမယ်ထင်တယ်...ထတော့လို့ "
မျက်လုံးမဖွင့်သေး ပြုံးပြုံးကြီးနဲ့ ဒီတိုင်းငြိမ်နေတာ
Taehyung ထိုလူကြီးရဲ့ မျက်နှာကြီးကိုညှစ်လိုက်ကာ စူထွက်လာတဲ့ နုတ်ခမ်းပါးပါးကို တစ်ပြွတ်ပြွတ်နမ်းတော့ ရယ်မောကာ
ထထိုင်ပြီး တစ်ပြွတ်ပြွတ်ပြန်နမ်းသည် ။"လူကိုတအားနမ်း တက်ဖိထားတာပဲ"
"အသည်းယားလို့လေ ချစ်လို့..."
"ဒိနေ့ လျှောက်လည်မယ်လို့ နော် "
"အွန်း ဘောဘော..."
"ကိုနော်..."
"ဘဘောသဘောလို့ပြောတာ "
"သထည့်ပြောလေ "
"OKပါ...လာရေချိုးရအောင် "
"ချိုးပေါ့..."
"တူတူချိုးမယ်လေ အဟဲ"
"မချိုးပါဘူး "
"မရပါဘူး လာ "
Taehyung ကိုပွေ့ချီတော့ အတင်းရုံးလေတယ် ဖြစ်ညှစ်ပြီး ခေါ်သွားတော့ မရုံးနိုင်တော့...
YOU ARE READING
Hey Doctor{Completed}
FanfictionJk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်မယ်" Jk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်...