Epi-28

3.6K 151 6
                                    

(🆉)

Jungkookသည် တစ်ရွေ့ရွေ့ထွက်သွားတဲ့ ကျောပြင်ငယ်လေးကြောင့် စင်ပေါ်က ကောင်မလေးတွေကိုတွန်းကာ အမြန်ပြေးထွက်လာခဲ့သည်။

အဝေးကနေ ထော့နဲ့ထော့နဲ့ နဲ့ အားတင်းပြီးလျှောက်နေတဲ့ ကောင်လေးကြောင့် Jungkook မှာစိတ်မကောင်း အနီးရောက်လာလေလေ မြင်ကွင်းကပိုပီသလာလေလေ...

"ထယ်! ချစ်ခင်ပွန်းလေး "

Taehyungကအနောက်ကိုလုံးဝလှည့်မကြည့် အားတင်းပြီးသာသွားသည်။လူကချွေးစေးတွေပါ ပြန်နေပေမဲ့ ခေါင်းမာတဲ့ ဆရာဝန်လေးဟာ သွားနေဆဲ တဖြည်းဖြည်းစိမ့်ထွက်နေတဲ့ သွေးတွေကြောင့် ဒူးခေါင်းထိတောင်စီးကျနေလေပြီ...

Jungkookမှာ အနီးကပ်ရောက်မှ အံ့သြသလို တုန်လည်း တုန်လှုပ်သွား၏။
အနောက်က​နေ ဘောင်းဘီပေါ်မှာ သွေးကွက်စွန်းထင်းနေတာကြောင့်...စိတ်မကောင်းမှုတွေတစ်ရိပ်ရိပ်တက်လာပြီး အနားသွားလိုက်ကာ သူ့အနွေးထည်လေးနဲ့ ပတ်ပေးထားလိုက်တော့ လမ်းလျှောက်နေရာမှ ရပ်သွားတဲ့ လူသား...

"ထယ် အဆင်ပြေရဲ့လား? စိတ်မဆိုးပါနဲ့ကွာ နော် အခုအဲ့တာအရေးမကြီးသေးဘူး ထယ့်အောက်ပိုင်း လူမြင်ရတာတောင်မကောင်းဘူး အချစ်ရယ် လမ်းမလျှောက်နဲ့တော့ လာ "

ပွေ့ချီဖို့လုပ်တော့ လက်ကိုပုတ်ထုတ်ပြီး စူစူပုပ်ပုပ်လုပ်နေသည်။မျက်ရည်တွေကလည်း လဲ့နေသေးတာ...

Jungkookရင်ခွင်ထဲထည့်ထားကာ ဖက်ထားလိုက်ပြီး စကားတွေပြောလိုက်သည် ။

စိတ်ကောက်နေသူလေးကို ချော့ရမှာမလို့ ။

"ကိုယ့်ကိုစိတ်ပူအောင်မလုပ်ပါနဲ့ကွာ စိတ်ဆိုးရင် ထုရိုက်လေနော် ကိုယ့်ကိုယ်ကိုတော့ ထိခိုက်အောင်မလုပ်ပါနဲ့ ထယ်တစ်ခုခုဖြစ်ရင် ဒီကကောင်က ရင်တွေစုတ်ပြတ်သက်သွားတာမသိဘူးလားကွာ ကိုယ်ရင်ကျိုးမှာ...မဟုတ်ဘူး ကိုယ်သေသွားလိမ့်မယ် အချစ်ကလေးရယ် နော်"

ရင်ခွင်ထဲကကောင်လေးက တစ်သိမ့်သိမ့်နဲ့ ခန္ဓာလေးတုန်ယင်နေသည်။

ရင်ခွင်ထဲကဆွဲထုတ်ပြီး မျက်ရည်တွေကို ဖွဖွသုတ်ပေးလိုက်တယ်။ မျက်နှာလေးကို လက်နှစ်ဖက်နဲ့ကိုင်ထားပြီး ငုံ့ကြည့်တော့ သူ့ကိုငိုမဲ့မဲ့နဲ့ကြည့်နေတာ။နှာခေါင်းလေးကရဲပြီး မျက်လုံးတို့ကလည်းရဲနေကာ နုတ်ခမ်းတို့ကတုန်တုန်ယင်ယင် ။

Hey Doctor{Completed}Where stories live. Discover now