(🆉)
ပိုးသတ်ဆေးနံ့နှင့်နိုးထလာတဲ့ မနက်ခင်း မျက်လုံးကိုအသာဖွင့်ကြည့်တော့ မျက်နှာကြက်အဖြူရောင် မြင်ဖူးသလိုလို- အော် ဆေးရုံရောက်နေတာပဲ...
လက်ကိုလှုပ်ကြည့်တော့ တစ်ယောက်ယောက်ဆုပ်ကိုင်ထားတာကိုတွေ့ရသည်။ကြည့်လိုက်တော့ လက်ကိုကိုင်ကာ အိပ်ပျော်နေတဲ့ Jungkook...
"အင့်..."
ပြန်ပြီးဆုပ်ကိုင်လိုက်တော့ နိုးလာတဲ့ Jungkook...
"ဟမ် ထယ် နိုးပြီလား?ခဏလေး ကိုယ်ဆရာဝန်သွားခေါ်လိုက်ဦးမယ်..."
"ထယ်နားလည်ပါတယ် ဒီလောက်ကတော့ ဆရာဝန်ပဲဟာ "
"ဟမ်?အာ ဟုတ်သား ဒါပေမဲ့လည်း စစ်ဆေးဖို့အတွက် သွားခေါ်လိုက်ဦးမယ်"
"ဟင့်အင်း ထယ်တောင်ပန်းပါတယ် ဟို တကယ် ထယ် မဖောက်ပြန်ခဲ့ပါဘူး...အဲ့နေ့ကလေ ထယ်ဘာမှမသိလိုက်ဘူး...ထယ် အရိုးဌာ...ဌာနကို သွားရင်းနဲ့ ခေါင်း...ခေါင်း အရိုက်ခံရတာပါ အီး... ထယ့်ကိုထားမသွားပါနဲ့...ဒူးထောက်...ထောက်ပြီး တောင်းပန်ဆိုလည်း...တောင်းပန်ပါ့မယ် ထားမ အင့်"
အသည်းသန်တွေရှင်းပြနေတဲ့ ထယ့်ကိုကြည့်ပြီး အသည်းနှလုံးတွေကွဲကြေနေရပါသည်။
အထင်လွဲမိခဲ့သည့် ကိုယ့်ကိုယ် နောင်တရလာခဲ့သည်။
"ကိုယ်သိတယ် အရမ်းမငိုနဲ့လေ လာခဲ့ ကိုယ်ရှင်းပြမယ်..."
"အွန်း..."
လှဲနေရာမှထပြီး Jungkookရင်ခွင်ထဲကို တစ်ကိုယ်လုံးကွေးပြီး နေတော့ Jungkookရင်ခွင်နဲ့ အံဝင်တကျ...
Taehyungရဲ့ ဆံပင်လေးတွေကို သပ်သပ်တင်ပေးပြီး နဖူးကို တစ်ဖွဖွနမ်းကာ ရှင်းပြရန်ပြင်လိုက်သည်။
"ဒီလို ထယ်ရဲ့ ကိုယ်ဖြစ်ကြောင်းအကုန်သိချင်လို့စုံစမ်းခဲ့တယ်...-"
ရှင်းပြနေတဲ့အတောအတွင်း ထယ်ကရှိုက်ရှိုက်ပြီး နားထောင်ရှာတယ်...
"ကိုယ်တောင်းပန်ပါတယ် အတင်းစွပ်စွဲခဲ့မိလို့ ကိုယ့်ကလေးလေး အရမ်းစိတ်မကောင်းဖြစ်နေမှာပဲ"
"အဲ့တာဆို ဟိုကောင်မကြီးကြောင့်ပေါ့ ကို မကောင်းဘူး ဘာလို့အိမ်မှာ တစ်ယောက်ထဲထားခဲ့ရတာလဲ ဟမ်? ထယ်ဘယ်လောက်နာကျင်ရလည်း ကိုသိလား သိလားလို့!"
YOU ARE READING
Hey Doctor{Completed}
FanfictionJk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်မယ်" Jk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်...