(🆉)
ညစာစားပွဲသို့ ချောမောခန့်ညားမှုနဲ့အတူရောက်ရှိလာတဲ့ CEO.Jeon...
လာကြတဲ့ ဧည့်သည်တွေအကုန်လုံးဟာ လူကြီးလူကောင်းတွေနဲ့ စီးပွားဖက်တွေသာ...
အလုပ်အကြောင်းတွေဆွေးနွေးရင်း ချစ်သူရှိလားမေးတော့ Taehyungနဲ့ ကျွန်တော့်အကြောင်းတွေကို ပြောပြနေမိသည်။
ထိုနေရာရဲ့ ထောင့်နားလေးမှာ စောင့်ကြည့်နေတဲ့ လူတစ်ယောက်
Hoddieအနက်ရောင်ခေါင်းစွတ်ရယ် ဘောင်းဘီအနက်အကျပ်က မိန်းကလေးဆိုတာသိသာစေပါသည်။အခြေအနေအချိန်အခါကိုစောင့်ဆိုင်းကာ အအေးတစ်ခွက်နဲ့ဇိမ်ခံနေသည်။
ထို့နောက် လူသူနဲနဲရှင်းပြီး CEO.Jeonအာရုံများနေတဲ့အချိန်မှ
စားသောက်ဆိုင်ရဲ့ Waiterတွေရှိတဲ့နေရာကိုသွားလိုက်သည်။"ဝိုင်ပုလင်းတစ်ပုလင်းလောက် စားပွဲ7ကမှာထားတာ ဘယ်သူမှလာမချပေးလို့ ဗန်းပါပေးနော်"
ထိုလူကလည်း သူမပြောတဲ့အတိုင်းသာ ပုလင်းဖုံးဖောက်ပြီး ထည့်ပေးလိုက်သည်။
လူသူရှင်းတဲ့နေရာရောက်တော့ ဟိုတစ်နေ့က ဝယ်ထားတဲ့ ဆေးပြားတွေကို ထိုဝိုင်ပုလင်းထဲထည့်လိုက်သည်။
ထို့နောက် ဖန်ခွက်ထဲကိုထည့်ကာ ဗန်းပေါ်တင်ပြီး CEO.Jeonရှိရာသို့ လမ်းလျှောက်သွားလိုက်သည်။
သူမက Maskတပ်ထားတာကြောင့်ကော အကုန်လုံးက သူ့အာရုံနဲ့သူမလို့ သတိမထားမိကြ...။
လူတွေနဲနဲသာကျန်တော့ပေမဲ့ CEO.Jeonတို့ရဲ့နေရာက စကားဝိုင်းကျနေသည်။
တင်!
Message ရောက်လာလို့ကြည့်တော့ ချစ်ဒေါက်တာ Taehyung...
'ကို အရမ်းမသောက်နဲ့နော် ပြန်မလာသေးဘူးလား?'
"အာ...အချိန်က9နာရီတောင်ရှိနေပြီပဲ တောင်းပန်ပါတယ်ဗျာ ကျွန်တော်အိမ်ပြန်ရတော့မယ်ဗျ "
ထိုအချိန်မှ ရောက်ရှိလာတဲ့ဝိုင်ခွက်အသစ် နောက်ဆုံးတစ်ခွက်မလို့ တွေးမနေပဲ အကုန်ကုန်အောင်မော့သောက်လိုက်သည်။
"ဟုတ်ကဲ့ပါဗျာ နောက်တစ်ခေါက်လည်း ဒီလိုမိတ်ဆုံစားကြတာပေါ့ဗျာ "
YOU ARE READING
Hey Doctor{Completed}
FanfictionJk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်မယ်" Jk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်...