(🆉)
ဒီနေ့တစ်နေ့လုံး အလုပ်ကြောင့် ပင်ပန်းကာ ထိုင်ခုံပေါ်တွင် နားနေပါသော Doctor Kim.
ညကြရင် Jungkookနဲ့ညစာအတူတူစားဖို့ စားသောက်ဆိုင်ကောင်းကိုပါ ရှာနေလိုက်သည်။
"ဟိုတစ်ခါ သူတို့ပြောတာ ဘာပါလိမ့် Soulmateဆိုလား အဲ့ဆိုင်ဆိုရင်ကော ကို့ ကိုမေးကြည့်ရမယ်..."
ညနေစောင်းနေပြီမလို့ သူ့အခန်းရှေ့မှာတင်ပဲ Jungkookကိုစောင့်နေလိုက်သည်။
နံရံကိုမှီကာ နာရီကိုကြည့်ပြီး နုတ်ခန်းတစ်ထော်ထော်နဲ့ပြောနေတဲ့ ပုံစံလေးကိုတွေ့နေရသည်...။
Jungkookအတွက် အဖိုးဖြတ်လို့မရနိုင်တဲ့မြင်ကွင်းလေးထဲက တစ်ခု။
အဟက် ခြေထောက်လေးကပါ ဆော့နေလိုက်သေးတာ ပေါက်စက
Jungkookကိုတွေ့တော့ အကြာကြီးနေမှတွေ့ရတဲ့သူတွေလိုမျိုး လက်ကိုဝေ့ကာ လေးထောင့်ဆန်ဆန်အပြုံးနဲ့ ပြုံးပြတယ်...
အနားရောက်တော့ ကျွန်တော့်လက်မောင်းကို တွယ်ချိတ်ပြီး တစ်တွတ်တွတ်ပြောလေသည်...။
"ကို ထယ်လေ ညကြရင်စားဖို့ ဆိုင်ကိုသိပြီ"
"ဟမ် ထယ်ရယ် ဆိုင်ကြီးမှာလား? ဘာဆိုင်လဲ? Hotelလား "
Taehyungခဏလောက်ကြောင်ပြီး စဉ်းစားနေပြီးမှ ဘာအတွေးပေါက်သွားလဲ မသိ ရဲတက်လာသော မျက်နှာလေးနှင့်အတူ နားရွက်ကို ဆွဲလိမ်လာလေသည်။
"ဘာ! ခင်ဗျား အဲ့တာပဲတွေးနေတာလား ထယ်ပြောတာ ညစာစားဖို့ကိုပြောတာ"
"အာ့ ကိုယ်လည်း ညစာကိုပြောတာပဲလေ အိမ်ရောက်မှ ထယ့်ကိုညစာအဖြစ်စား- အား!သေပါပြီ တော်ပြီမစတော့ဘူး"
သူ့ပုခုံးကိုကုန်းကိုက်တာလေ ထယ်က
"သွားရအောင် နှာဘူးကြီး"
"အော နှာဘူးလေး.."
"ဘာ!ဘာလို့နှာဘူးလေးဖြစ်ရမှာလဲ သေနာကြီးရဲ့"
"ကိုယ်ပြောထားတယ်နော် ဆဲရင် အဟင်း အဟမ်း"
"ချောင်းဆိုးနေတာလား?သေတတ်တယ်နော် သတိထား"
"ဟဟ ကိုယ်တော့ ထယ့်ကိုမနိုင်ဘူးဟေ့"
"သိရင်ပြီးတာပဲ သွားမယ် ဟွန့်"
YOU ARE READING
Hey Doctor{Completed}
FanfictionJk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်မယ်" Jk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်...