(🆉)
Company ရုံးခန်းမှာလက်ထောက်ကာ ထိုင်စဉ်းစားနေတဲ့ Jungkook...
ဆေးရုံကို ဘယ်လိုသွားရမလဲဆိုတာ စဉ်းစားနေခြင်း ၊ လူကအလုပ်ထဲကိုစိတ်မရောက်တော့ သူ့ကိုချေသွားတဲ့ ဆရာဝန်ပေါက်စကိုသာ တွေးနေမိတာ...။
ခဏကြာတော့ အတွင်းရေးမှူးကိုခေါ်လိုက်သည်။
သူထပ်ပြီး အလုပ်ပျက်ကွက်ရဦးမယ်
"အတွင်းရေးမှူးMin "
"ခင်ဗျာ "
"ငါ့အလုပ်တွေကို သေချာဂရုတစိုက်လုပ်ထားလိုက် "
"ဟုတ်ကဲ့ CEO.Jeon "
အတွင်းရေးမှူးကလည်း ကြောင်တောင်တောင်နဲ့သာ ဖြေလိုက်ရသည်။
အလုပ်သရဲ CEOက အလုပ်တွေကို အပ်ထားခဲ့တယ်ဆိုတော့။
တီ...
"အွန်း Driver.Choi ဆေးရုံကိုသွားရအောင် အခုချက်ချင်းထွက်လာခဲ့ "
"ဗျာ CEOဘာဖြစ်လို့လဲ တစ်ခုခု-"
"ကျစ် ခင်ဗျားဗျာ ပြန်မမေးနဲ့ သွားမယ်ဆိုသွားမယ် အခု ကျွန်တော် အောက်မှာစောင့်နေမယ် ဒါပဲ"
"Na...Nae"
Driver.Choiမှာ အကြင်သူလေးနဲ့ Dateနေတုန်း CEO.Jeonဆီက အခုချက်ချင်းထွက်လာခဲ့ဆိုတဲ့ ရာဇသံကြောင့် ဇနီးဖြစ်သူကို အကျိုးအကြောင်းမြန်မြန်ပြောကာ ကားကိုအရှိန်နဲ့မောင်းရတော့သည်။
စိတ်ထဲမှာတော့ အမျိုးမျိုးပြောင်းလဲနေသော သူ့CEOကိုအထူးဆန်းနဲ့တွေးနေသည်။ဟုတ်သည်လေ ဒီနေ့ သူ့ရဲ့ဇနီးလေးနဲ့Dateမှာမလို့ အကျိုးကြောင်းပြောပြီး Dateနေတာကို အခုကြတော့သူ့ကို ချက်ချင်းကြီး ဆေးရုံသွားမယ်ဆိုပြီး ဖုန်းလှမ်းဆက်တယ်။
Company အောက်ကိုရောက်တော့ မတ်တတ်ရပ်စောင့်နေတဲ့ CEOကိုတွေ့ရသည်။ကားကို မြန်မြန်ရပ်ပြီး တံခါးသွားဖွင့်ပေးလိုက်တော့ ပြုံးဖြီးစွာနဲ့ အထဲကိုဝင်ထိုင်နေလေရဲ့။
Driver.Choiမှာ တောင့်တင်းသွားလို့။ အခုCEOကရယ်လိုက်တာမလား ထီထိုးဖို့သင့်နေပြီ သေချာတယ် CEO.Jeon ရူးသွားပြီ!!!
အမယ်လေး ဖွဟဲ့ လွဲပါစေ သူတွေးတာကိုကြားရင် အလုပ်ဖြုတ်နေဦးမယ်
YOU ARE READING
Hey Doctor{Completed}
FanfictionJk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်မယ်" Jk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်...