(🆉)
မနက်ခင်းမှာ ချစ်သူနဲ့အတူတူနိုးထပြီး ဖြတ်သန်းရတာက အလွန်ကို ကြည်နူးစရာကောင်းပါသည်။
Jungkookအရင်နိုးလာတော့ သူ့ရင်ခွင်ထဲမှာ ပါးစပ်အနည်းငယ်ဟကာ အိပ်နေတဲ့ Taehyungကြောင့် Jungkook သွားတွေပေါ်သည်အထိ ပြုံးမိသည်။
ထိုဟနေတဲ့နုတ်ခမ်းလေးကို ဆွဲစုပ်လိုက်တော့ ပြွတ်ခနဲမြည်သွားသည်...။
အသဲယားလွန်းလို့ မျက်နှာအနှံ့လိုက်နမ်းတော့ လှုပ်ရွလာပြီး သူ့မျက်နှာကိုတွန်းကာ...အိပ်ချင်မူးတူးပြောလာသည်။
"အွန်း~ကို ဖယ် "
ပြောပြီး ဟိုဘက်လှည့်ပြီးမှောက်အိပ်သွားတာကြောင့် Jungkook နမ်းနေရင်း ရပ်တန့်သွားပြီး မျက်လုံးပြူးကျယ်သွားတော့သည်။
စကားတစ်လုံးကြောင့် ရင်ခုန်သံတွေတောင် ကမောက်ကမဖြစ်ကုန်ပြီ။
...ခဏ!သူဘယ်လိုခေါ်လိုက်တယ်!
နားကြားမှားတာမဟုတ်ဘူးမလား?
ကိုတဲ့! ကို...ကို...ကို...ဟီးဟီး
ငါ့အချစ်ကလေးက ငါ့ကို ကိုတဲ့ ။
ပြုံးပျော်မှုကြောင့် မျက်နှာဖုန်းမရဖိမဏ နွားပွဲစားရုပ်ဖြစ်နေသည့် Jungkookရယ် ။
"အား! ထယ် မွမွ ဘယ်လိုခေါ်လိုက်တယ် ထပါဦး..."
ကုပ်ပိုးအားနမ်းပြီးမေးတော့ 'ဘာပြောလို့လဲ.'တဲ့...
Jungkookကိုယ်လုံးကြီးနဲ့ Taehyungပေါ်တက်ဖိပြီး ဘေးတိုက်မျက်နှာလေးကို နမ်းကာ...တဂျီဂျီမေးလိုက်၏။
"ဟွန်...အချစ် ထယ်ရေ ထတော့ကွာ ကိုယ့်ကိုပြန်ခေါ်ဦးလို့"
"အား!အီး...ရား ဖယ်ကွာ မင်းခန္ဓာကိုယ်ကြီးနဲ့"
နားမထောင် ထယ့်အကျီလှန်ကာ သူ့ခေါင်းကြီးဝင်ပြီး ကျောကုန်းကို လိုက်နမ်းနေသည်။
"Taeကိုယ်သင်းနံ့လေးကမွှေးနေတာပဲ အိမ်မှာနေရင်တစ်မျိုး ဆေးရုံကတစ်မျိုးနဲ့ အနံ့လေးက"
"ဘယ်လိုဖြစ်နေလို့လဲ?"
"အိမ်မှာက စတော်ဘယ်ရီလေးပဲ ဆေးရုံမှာက ပိုးသတ်ဆေးနံ့လေးနဲ့ရောထားတာလေ"

YOU ARE READING
Hey Doctor{Completed}
FanfictionJk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်မယ်" Jk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်...