Epi-20

5.1K 209 41
                                        

(🆉)

ပိတ်ရက်တစ်ရက်ကို သက်ဆိုင်ရာ ဌာနတစ်ခုဆီအား ပေးထားသည်မလို့ ဆေးရုံက ဆရာဝန်အားလုံး ပျော်ပွဲစားရက် တစ်ရက်ရလေသည်။

့ဌာနတွေက သွားတဲ့ရက်ခြင်းတော့မတူချေ ဒါတောင် အနည်းဆုံး ဌာနတစ်ခုမှာ နှစ်ယောက် သုံးယောက်လောက်က ဆေးရုံမှာနေခဲ့ရသေးသည်။

ထိုနေခဲ့ရတဲ့သူက အထူးအခွင့်အရေးအနေနှင့် နှစ်ရက်တောင် လည်လို့ရတာပင်။

ဒီနေ့က ထယ်ယောင်းတို့ အလှည့်မလို့ သုံးယောက်လောက်သာ နေခဲ့ပြီး ကျန်တဲ့သူတွေက အားလပ်ရက် ခရီးထွက်ကြရသည်။

ကိုယ်သွားချင်တဲ့နေရာသွားလို့ရတာမလို့လည်း လူစုတွေက နေရာမတူကြ။

ထယ်ယောင်းအပါအဝင် ငါးယောက်အုပ်စုကတော့ ဂျယ်ဂျူဒို မှာရှိတဲ့ တောအုပ်သေးသေးလေးထဲ သွားအနားယူဖို့စဉ်းစားထားသည်။

တစ်ညအိပ်ပဲဖြစ်တာကြောင့် မနက်ဖြန်ကြရင် နေ့တစ်ဝက်လောက်ကတော့ အလုပ်နောက်ကျဦးမှာပဲ ။

နေပါဦး ဖြစ်နိုင်လို့လား ခရီးကပြန်ရောက်ရောက်ခြင်းကို အနားမယူပဲ အလုပ်တန်းလုပ်ရမှာလား ။

စိတ်တိုတိုနဲ့ ဘေးမှာ Suitနှင့် ရပ်နေသော Jungkookကို မျက်စောင်းထိုးပစ်လိုက်သည်။

သေချာပေါက် ဒီနေ့မှာလည်း အဲ့ ပက်ကျိက ပါဦးမှာ ။

ကျွန်တော့်မျက်စောင်းကိုမြင်သွားပြီး "ဘာဖြစ်လို့လဲ" ဆိုတဲ့ပုံစံနှင့် ပုခုံးတွန့်မေးလာသည်။

"မနက်ဖြန်မနားပဲ အလုပ်ချက်ချင်းလုပ်ရမှာဆို "

"အမ်? အော အော "

"အော အော? အား တကယ်ပါပဲ ဒါဆို မင်းလက်ချက်လား အဲ့လိုခိုင်းလိုက်တာ "

"မင်း? ဘာမင်းလဲ "

"ဖွတ်ကျားမင်း သိပြီလား "

ထယ်ယောင်း ခံပြင်းဒေါသ ထွက်နေတာသိသည်မလို့ ဂျောင်ကု အထွန့်မတက်တော့ ။

"အဟမ်း မဟုတ်ပါဘူး ကိုယ်ကခွင့်ပြုလိုက်ရုံပဲ ဆေးရုံအုပ်က ပြောတာလေ "

"မရဘူး ပြန်ပြင် မင်းက သူ့ထက် ပိုမြင့်တယ် မနက်ဖြန်လည်းနားပေးမယ်လို့ ပြန်ပြောလိုက် "

Hey Doctor{Completed}Where stories live. Discover now