Epi-30

3.3K 136 24
                                    

(🆉)

Hawaiiရဲ့ ကောင်မလေးတွေဝတ်တဲ့ ဝတ်စုံကို ဝတ်လာပြီး လေးထောင့်ဆန်ဆန်အပြုံးနဲ့ပြုံးနေတဲ့ ကောင်လေးကြောင့် ရင်ခုန်သံတွေက ထိန်းမရ...။

"ယောကျာ်း သိက္ခာလေးဘာလေးထိန်းပါဦး"

ိထယ်က ကျွန်​တော့်အနားလာပြီး နှာခေါင်းသွေးတွေသုတ်ပေးမှပဲ သတိပြန်ဝင်လာခဲ့တာ...။ဒါတောင် ကျွန်​တော့်မျက်လုံးက မယုံနိုင် ထယ့်ကိုသာ မျက်တောင်မခက်တမ်းစိုက်ကြည့်နေမိတာ...။

"ဟဟ...ဖြစ်နေတာ ကိုယ့်ယောကျာ်းကိုတောင်မှ ငမ်းပြီး နှာခေါင်းသွေးကျတဲ့အဖြစ်ပဲ ဟစ်ဟစ်"

Taehyungက တဟစ်ဟစ် ရယ်ရင်းပြောတော့ Jungkookလည်းနှာခေါင်းသွေးပေလျက်နဲ့ အရူးလိုရူးကြောင်ကြောင် သွားဖြီးပြလိုက်သည်။

"ထယ် ဘေဘီ အရမ်းလှတယ် ကိုယ်နှလုံးပြုတ်ထွက်တော့မဲ့အတိုင်းပဲ "

"Hee ကြိုက်လား ယောကျာ်းကိုကို ယောကျာ်းအပိုင်ပဲ​လေ "

သူ့သူပြောကာ ရှက်နေပြန်သည်။Jungkookရင်ခွင်ထဲတိုးဝင်ရင်း ရှက်နေသော...ဟာဝိုင်ယီလျံ​​ဆောင်ထားတဲ့ ဆရာဝန်ကောင်လေးရယ်ပါ ။

"ထယ်...ရှက်နေတာလား?ဘာဖြစ်လဲ တကယ်လည်း ကိုယ့်အပိုင်ပဲလေ မဟုတ်ဘူးလား?"

"ဟုတ်တယ်"

Jungkookရင်ခွင်ထဲက ကောင်လေးကို ပါးလေးငုံ့နမ်းလိုက်ပြီး လက်က စကပ်တိုတိုဆီသို့...တင်ပါးပေါ်လက်လေးတင်ပြီးကိုင်လိုက်တော့...Taehyung ၏ တားသည့်အသံ ။

"ယောကျာ်း လူတွေရှိတယ်လေ"

"အင်းပါ "

"သွားရအောင် "

Taehyungကို ဖက်ထားကာ လက်က မက်မွန်သီးလေးကို ကာကာနဲ့လမ်းလျှောက်နေတဲ့ Jungkook...

ခေါင်းကအရှေ့လှည့်လိုက် အနောက်လှည့်ကြည့်လိုက်နဲ့ သူ့ဟာလေးကို စိတ်မချပါ သူ့အသဲလေးက အရမ်းလှသည်မဟုတ်လား

Bikiniမလေးတွေက အဲ့ကမ်းခြေမှာကနေတာကို နှစ်ယောက်လုံးကြည့်နေကြသည်။
(အဲ့ Taehyungလိုဝတ်ထားတဲ့ ကောင်မလေးတွေကို Bikiniလို့လည်းခေါ်တယ် ဟိုလိုBikiniမဟုတ်ဘူး🙈)

Hey Doctor{Completed}Where stories live. Discover now