(🆉)
Taehyung အခု ဆေးရုံ၏ CCTVအခန်းထဲရောက်နေသည်။
အကြောင်းက ကျွန်တော်နဲ့Jungkookနဲ့ကြည်နူးရင် CCTVကနေ အတိုင်းသားမြင်ရတာကြောင့် သူများတွေမတွေ့ခင် ထိုမှတ်တမ်းများကို လာဖျက်ခြင်း...။
Jungkookရုံးခန်းက ကျွန်တော်နဲ့ပလူးနေတဲ့ ပုံရိပ်တွေကော သူ့အရင်ရုံးခန်းက ပလူးခဲ့တဲ့ပုံရိပ်တွေကောကို ဖျက်ပစ်ရမည်။ထိုဖျက်နေတဲ့အချိန်တွင်း ပြန်ကြည့်ရှုရင် ရှက်လွန်းလို့ အငွေ့သာပျံလိုက်ချင်သည်။ဘယ့်နဲ့ နှစ်ယောက်စလုံး မိုးမမြင်လေမမြင်နဲ့ ကြည်နူးနေတာတွေက အများကြီး...
တော်သေးတယ် အခုလည်းသူတစ်ယောက်တည်း CCTV Roomထဲမှာ တခြားသူသာရှိရင် မျက်နှာတောင်ပြရဲမှာမဟုတ်ဘူး ။
တော်တော်များများကို ဖျက်ပြီးလို့ Video Fileတစ်ခုအရောက် မီဟယ်မ ကျွန်တော့်Jungkookကို မြူစွယ်နေတဲ့ Vd သဝန်တိုမှုတွေစုပြုံလာကာ နုတ်ခမ်းထော်လာပြီဖြစ်တဲ့ Taehyung...
"ယုန်မျက်ခွက်ကြီးကလည်း ဖြီးနေတာပဲ အဲ့ကောင်မကလည်း အဲ့လောက်ထိ သူ့နို့ပြချင်နေရင် Clubမှာ လုပ်စားလေ ဟွန့် ငါ့ယုန်ကြီးကိုမှ ထောင်ကြတာ နည်းတောင်နည်းသေးတယ်..."
မကျေနပ်ချက်တွေနဲ့ပြောရင်း တစ်ခုပြီးတစ်ခုဖျက်နေမိတယ် ဒါပေမဲ့ အနောက်ကနေ Jungkookရောက်နေတာကို မသိလိုက်
Vdတစ်ခုကို ဖျက်မလို့လုပ်နေတုန်း ထိုVdက သူရုံးခန်းထဲတွင် Jungkookရင်ခွင်၌ ငိုရင်းအိပ်ပျော်သွားတဲ့ Vd ဘာမှမထူးဆန်းပါဘူးလို့တွေးနေရင်း
ကိုယ့်လက်ပေါ်ရောက်လာတဲ့ လက်တစ်ဖက်
ဘယ်သူ့လက်လဲဆိုတာသိတာကြောင့် စနောက်မလို့တွေးရင်း အလျင်အမြန်ပင် ထိုလက်ကိုဆွဲယူပြီး လိမ်လိုက်ကာ အနီးနားကပ်လိုက်သည်။"အာ့ "
"တခြားသူဆိုရင် ထယ်လက်ကိုချိုးပြီးပြီထင်တယ် ကို "
"အဟက် ကိုယ်ကြွေရတဲ့ အထဲမှာ အခုလိုအပြုမူမျိုးလည်းပါတယ် အချစ် ပြွတ်စ် "
တစ်ချက်စုပ်နမ်းပြီး အဲ့Vdကို မြန်မြန်ဖျက်ရန် လက်ကိုလှမ်းလိုက်ပေမဲ့ ထယ်က သူ့လက်ကို တစ်ဖန် ပြန်ချိုးထားပြန်သည်။
YOU ARE READING
Hey Doctor{Completed}
FanfictionJk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်မယ်" Jk-"ခဏ အခုငါ ဆရာဝန်ပေါက်စဆီက အချေခံလိုက်ရတာလား?" Tae-"ရင်ခွဲရုံမရောက်ချင်ရင် အေးဆေးနေပါ မဟုတ်ရင် ဆေးထိုးအပ်နဲ့ထိုးသတ်လိုက်...