Epi-7

5.8K 285 20
                                    

(🆉)

တီ...တီ...တီ...

Alarm သံကြားတာမလို့ ပိတ်လိုက်ကာ အိပ်ရာမှထလိုက်သည်။

Taehyungညက ကောင်းကောင်းမအိပ်ဖြစ် Jungkookအကြောင်းစဉ်းစားနေတာကြောင့် ဖြစ်သည်။Jungkookကို ချစ်လားဆိုတာ သေချာမသိပေမဲ့ သံယောဇဉ်တော်တော်တွယ်နေတာကိုတော့ ခံစားမိပါသည်။

Jungkookက ကျွန်​တော့်ရဲ့ပထမဆုံး အရမ်းခင်မင်ရတဲ့သူဆိုလည်းမမှားပါ...။

နောက်ပြီး Jungkookကြောင့် သူအနည်းငယ်ပြောင်းလာပြီလို့လည်း ထင်တယ်။

အဘယ့်ကြောင့်ဆိုသော် အရင်က အပြုံးအရယ်နဲတဲ့သူက Jungkookကြောင့် ခဏခဏပြုံးဖြစ်သည်။တစ်ခါတစ်လေ အချေ Imageလေးပျောက်ကာ ကလေးဆန်ချင်လာသည်။

Jungkookနဲ့တွေ့မှသာ ကလေးလို ချွဲ့နွဲ့ချင်လာခြင်း...ဒါပေမဲ့ Jungkookရိပ်မိအောင်တော့ မထုတ်ပြခဲ့။ ရှက်စရာကောင်းတာကြောင့်

မျက်နှာသစ်ပြီး လိုက်ကာဆွဲဖွင့်လိုက်ချိန် မြင်လိုက်ရတဲ့ အရိပ် ကြောင့် ကြောင်သွားတာတော့အမှန်။
ဟမ်? မနက်အစောကြီးကို ဘယ်သူလဲ?

အနီးကပ်ကြည့်လေ ပိုလန့်ချင်စရာကောင်းလေ တစ်ကိုယ်လုံးကို အနက်ဝတ်ထားပြီး ခေါင်းစွပ်အနွေးထည်နဲ့မလို့ ခေါင်းကစွပ်ထားသေးသည်။

လန့်ပြီး လိုက်ကာပြန်ပိတ်မယ်လို့ကြံစဉ်...ဆွဲချွတ်လိုက်တဲ့ ခေါင်းဆောင်းနဲ့အတူ ပြူံးဖြီးနေတဲ့ ယုန်မျက်ခွက်ကြီးက ပေါ်လာ၏။

"Jungkook!အား!သေနာကောင် ငါကလန့်သွားတာပဲ..."

မကျေမနပ်ရေရွတ်ရင်း အောက်ထပ်ကိုဆင်းလာ၏။

ခြံတံခါးကိုဖွင့်ပြီး Jungkookဆီ စူအောင့်အောင့်နဲ့သွားကာ...နားရွက်ကိုသွားလိမ်ဆွဲပြီး အိမ်ထဲခေါ်လာလိုက်သည်။

"အာ့ အား ထယ် ကိုယ့်တွေ့တာနဲ့ ရန်လုပ်နေတာပဲ"

"မင်းက ကြောက်အောင် လာခြောက်နေတာလေ မသာရဲ့..."

"အိုး...ဆရာဝန်လေးကလည်း ဆဲတတ်လိုက်တာနော်"

"ငါလည်းလူပဲလေ"

အိမ်ပေါ်ထိဆွဲလာပြီး ဧည့်ခန်းထဲကို ပစ်ချလိုက်၏။

"ထယ်..."

Hey Doctor{Completed}Where stories live. Discover now